DVB Logo
Home
အားကစား
ယခုသီတင်းပတ် ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲများ၏ အနိုင်အရှုံးရလဒ်များ
DVB
·
October 2, 2023
ယခုသီတင်းပတ် ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲများ၏ အနိုင်အရှုံးရလဒ်များ
1 / 4
Donate to DVB

ပရီးမီးယားလိဂ်

ဒီတပတ် စနေနဲ့ တနင်္ဂနွေနေ့တွေက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ ထိပ်သီးအသင်းတွေထဲက နာမည်ကြီး မန်ချက်စတာမြို့ခံ နှစ်သင်းနဲ့ လီဗာပူး၊ ဘရိုက်တန်တို့ ရှုံးနိမ့်ခဲ့ပါတယ်။

အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးက ဝုဗ်ကို ၂ ဂိုး ၁ ဂိုး၊ မန်ချက်စတာယူနိုက်တက်က ခရစ္စတယ်ပဲလေ့စ်ကို ၁ ဂိုး ဂိုးမရှိ၊ လီဗာပူးက တော့တင်ဟမ်ဟော့စပါးကို ၂ ဂိုး ၁ ဂိုး၊ ဘရိုက်တန်က အက်စ်တွန်ဗီလာကို ၆ ဂိုး ၁ ဂိုးနဲ့ အသီးသီး ရှုံးနိမ့်ခဲ့တာပါ။

လက်ရှိ အမှတ်ပေးဇယား ထိပ်ဆုံး လေးသင်းနေရာမှာ မန်စီးတီး၊ စပါး၊ အာဆင်နယ်၊ လီဗာပူးတို့ အစဉ်လိုက်ရပ်နေပြီး မန်ချက်စတာယူနိုက်တက်ကတော့ ပွဲစဉ် ၇ ပွဲ ယှဉ်ပြိုင်အပြီးမှာ ၃ ပွဲနိုင်၊ ၄ ပွဲရှုံးနဲ့ အမှတ်ပေးဇယား အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။

စပိန်လာလီဂါ

ဒီတပတ် လာလီဂါရပ်ဝန်းမှာတော့ ဘာစီလိုနာ၊ ရီးရဲလ်၊ အက်သလက်တီကို စတဲ့ထိပ်သီးအသင်းတွေ အကုန် အနိုင်ရခဲ့ပါတယ်။ ဘာစီလိုနာက အိမ်ကွင်းမှာ ဆီဗီလာကို ၁ ဂိုး ဂိုးမရှိ၊ ရီးရဲလ်က အဝေးကွင်းမှာ ဟီရိုနာကို ၃ ဂိုး ဂိုးမရှိ၊ အက်သလက်တီကိုမက်ဒရစ်က အိမ်ကွင်းမှာ ကာဒစ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အသီးသီး အနိုင်ရခဲ့ပါတယ်။

လာလီဂါပွဲစဉ် ၈ အပြီးမှာ ရီးရဲလ်က ရမှတ် ၂၁ မှတ်နဲ့ ပထမ၊ ဘာစီလိုနာ ရမှတ် ၂၀ နဲ့ ဒုတိယ၊ ဟီရိုနာက ၁၉ မှတ်နဲ့ တတိယ၊ အက်သလက်တီကိုမက်ဒရစ်က ၁၆ မှတ်နဲ့ စတုတ္ထနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

စီးရီးအေ

အီတလီ စီးရီးအေ ပွဲစဉ် ၇ ယှဉ်ပြိုင်ခဲ့ရာမှာ အင်တာမီလန်၊ အေစီမီလန်၊ နာပိုလီ စတဲ့ထိပ်သီးအသင်းတွေ အနိုင်ရခဲ့ကြပေမဲ့ ဂျူဗင်တပ်ကတော့ အတ္တလန္တာနဲ့ ဂိုးမရှိ သရေကျခဲ့ပါတယ်။

အမှတ်ပေးဇယား ထိပ်ဆုံးလေးနေရာမှာ အင်တာမီလန်၊ အေစီမီလန်၊ နာပိုလီနဲ့ ဂျူဗင်တပ်တို့ အစဉ်လိုက် ရပ်တည်နေပါတယ်။

ဂျာမန်ဘွန်ဒက်စ်လီဂါ

ဒီတပတ် ယှဉ်ပြိုင်ခဲ့တဲ့ ဂျာမန်အမှတ်ပေးပွဲစဉ်တေွမှာ နာမည်ကြီး ဘိုင်ယန်မြူးနစ်က လိုက်ပ်ဇစ်နဲ့ ၂ ဂိုးစီ သရေကျခဲ့ပေမဲ့ ဒေါ့မွန်နဲ့ လေဗာကူဆင်တို့ကတော့ ပြိုင်ဘက်တွေကို အသီးသီး အနိုင်ရခဲ့ပါတယ်။ လက်ရှိ ပွဲစဉ် ၆ ယှဉ်ပြိုင်အပြီးမှာ လေဗာကူဆင်က ရမှတ် ၁၆ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး စတုဂတ်က ၁၅ မှတ်နဲ့ ဒုတိယ၊ ဘိုင်ယန်နဲ့ ဒေါ့မွန်တို့က ၁၄ မှတ်စီတူပေမဲ့ ဂိုးကွာြခားချက်သာတဲ့ ဘိုင်ယန်က တတိယနဲ့ ဒေါ့မွန်က စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

ဒီတပတ် ကြားရက်တွေမှာတော့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်တွေ အသီးသီး ယှဉ်ပြိုင်ဖို့ရှိနေပြီး နာမည်ကြီးအသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်က ဂါလာတာစာရေး၊ ဘိုင်ယန်မြူးနစ်က ကိုပင်‌ဟေဂင်၊ အာဆင်နယ်က လန်းစ်၊ ဒေါ့မွန်က အေစီမီလန်၊ နယူးကာဆယ်က ပီအက်စ်ဂျီ၊ မန်စီးတီးက လိုက်ပ်ဇစ်နဲ့ အသီးသီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013