DVB Logo
Home
မြန်မာသတင်း
မိုးရွာသွန်းမှုကြောင့် CDF-KKG တပ်ရင်း-၃ စခန်းပျက်စီး
DVB
·
October 2, 2023
မိုးရွာသွန်းမှုကြောင့် CDF-KKG တပ်ရင်း-၃ စခန်းပျက်စီး
Donate to DVB

စစ်ကိုင်းတိုင်းအနောက်ပိုင်း၊ ကလေး၊ ကဘော်ဒေသမှာ အခြေစိုက်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့  Chinland Defense Force -Kalay,Kabaw,Gangaw (CDF-KKG) တပ်ရင်း-၃ စခန်းဟာ မိုးရွာသွန်းမှုကြောင့် ပျက်စီးသွားတယ်လို့ တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

စစ်ကိုင်းအနောက်ပိုင်းမှာ မိုးရွာသွန်းနေတာ သီတင်း တပတ်လောက်ရှိနေပြီဖြစ်ပြီး  အောက်တိုဘာ ၁ ရက်နေ့မှာ  CDF-KKG ရဲ့ တပ်ရင်း-၃ စခန်း ရေမြုပ်ပျက်စီးခဲ့ပါတယ်။

ရေနစ်မြုပ်မှုကြောင့် CDF-KKG တပ်ရင်း-၃ စခန်းရဲ့ စားဖိုဆောင်နဲ့ လူနေအဆောင် ၃ ဆောင်၊ ရဲဘော်တွေရဲ့ အသုံးအဆောင်ပစ္စည်း၊ ဆိုင်ကယ်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

မိုးရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံဖြစ်ပေါ်ပြီး သွားရေးလာရေးအတွက် တည်ဆောက်ထားတဲ့ စခန်းအနီးက တံတားတချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

CDF-KKG ပြန်ကြားရေးတာဝန်ခံက “အဓိကတော့ စားဖိုဆောင် ရေမြုပ်သွားတော့ အိုးခွက်ပန်းကန်တွေ အကုန်ရေထဲပါကုန်တာပေါ့၊ ရဲဘော်တွေရဲ့ အသုံးအဆောင် ပစ္စည်းတွေပါတယ်။ စောင်၊ ခြင်ထောင်တွေ ရေထဲပါကုန်တယ်၊ ဆိုင်ကယ်တွေလည်း ရေမြုပ်ပျက်စီးခဲ့တယ်”လို့ ပြောပါတယ်။

ပျက်စီးဆုံးရှုံးမှုတွေအတွက် ရဲဘော်တွေရဲ့ လုပ်အားနဲ့ ကိုယ်ထူကိုယ်ထ ပြုပြင်ကြမှာဖြစ်တယ်လို့  CDF-KKG ကတေဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013