DVB Logo
Home
နိုင်ငံတကာ
အလုပ်သမားများအတွက် လစာတိုးပေးကြောင်း  နိုင်ဂျီးရီးယားသမ္မတ ကြေညာ
DVB
·
October 2, 2023
အလုပ်သမားများအတွက် လစာတိုးပေးကြောင်း  နိုင်ဂျီးရီးယားသမ္မတ ကြေညာ
Donate to DVB

နိုင်ဂျီးရီးယားသမ္မတ ဘိုလာတီနူဘူဟာ သူ့နိုင်ငံရှိ ဝင်ငွေနည်း အလုပ်သမားတွေအတွက် ကြားဖြတ် လုပ်ခလစာတိုးပေးကြောင်းနဲ့ ဓာတ်ဆီအမတော်ကြေး‌ထောက်ပံ့မှုရပ်ဆိုင်းလုပ်တဲ့ အကျိုးသက်ရောက်မှုကို ဖြေလျှော့ဖို့ ဓာတ်ငွေ့သုံး ဘတ်စ်ကားတွေကို အကြီးအကျယ် အစားထိုးမှာဖြစ်ကြောင်း အောက်တိုဘာ ၁ ရက်မှာ ကြေညာလိုက်ပါတယ်။

အလုပ်သမားသမဂ္ဂတွေရဲ့ သပိတ် မစတင်မီ နှစ်ရက်အလိုမှာ ခုလို ကြေညာခဲ့တာပါ။ တီနူဘူဟာ မေလမှာ သမ္မတ တာဝန်ကို စယူချိန် အတွင်း ဆယ်စုနှစ်များစွာ သက်တမ်းရှိတဲ့ ထောက်ပံ့ကြေးကို ဖျက်သိမ်းခဲ့ပြီး နိုင်ငံခြားငွေလဲလှယ်မှု ကန့်သတ်ချက်တွေကို အဆုံးသတ်ခဲ့တာကြောင့် လူနေမှုစရိတ်တွေ မြင့်တက်လာပြီး အလုပ်သမား သမဂ္ဂတွေကို ဒေါသထွက် စေခဲ့ပါတယ်။

လွတ်လပ်ရေးရပြီး ၆၃ နှစ်မြောက် အထိမ်းအမှတ် နိုင်ငံလုံးဆိုင်ရာ အသံလွှင့်မိန့်ခွန်းမှာ သမ္မတ တီနူဘူဟာ အာဖရိကရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံ နိုင်ဂျီးရီးယား ပြန်နာလန်ထူလာမယ့် လမ်းကြောင်းပေါ်က လိုအပ်ချက်အဖြစ် ပြုပြင်ပြောင်းလဲမှုတွေကို ကာကွယ်ပြောဆိုခဲ့ပါတယ်။

အလုပ်သမားတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့  တခြား သက်ဆိုင်သူတွေနဲ့ ဆွေးနွေးပြီးတဲ့နောက် ဖက်ဒရယ်အစိုးရဝန်ထမ်းတွေဟာ လာမယ့် ခြောက်လအတွက် တစ်လကို နိုင်ဂျီးရီးယားငွေ နိုင်ရာ ၂၅,၀၀၀ ထပ်ရမှာပါ။

ဆယ်ဂဏန်း ရာခိုင်နှုန်းအထိ ငွေကြေးဖောင်းပွမှုကို ရှောင်ဖို့ လစာ နည်းနည်းပဲ တိုးဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

ဒီလုပ်ရပ်ကြောင့် နိုင်ဂျီးရီးယားမှာ အနိမ့်ဆုံးလုပ်ခ ၃၀၀၀၀ နိုင်ရာကနေ ၅၅၀၀၀ နိုင်ရာ (အမေရိကန်ဒေါ်လာ ၇၁ ဒေါ်လာ) အထိ ရောက်သွားမှာပါ။

ဒါပေမဲ့ အလုပ်သမားသမဂ္ဂတွေက တီနူဘူကို လောင်စာဆီထောက်ပံ့မှု ပြန်ပေးစေချင်နေပြီး အနည်းဆုံး လုပ်ခလစာ ကို နိုင်ရာငွေ  ၂၀၀,၀၀၀ အထိ ပေးဖို့ အရင်က တောင်းဆိုခဲ့ဖူးပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013