DVB Logo
Home
အားကစား
မန်ယူအသင်း ရလဒ်ဆိုးများ ဆက်ကြုံရဦးမည်ဟု မီကာရစ်ချက်သုံးသပ် 
DVB
·
October 2, 2023
မန်ယူအသင်း ရလဒ်ဆိုးများ ဆက်ကြုံရဦးမည်ဟု မီကာရစ်ချက်သုံးသပ် 
Donate to DVB

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေ ဆက်ပြီး ကြုံတွေ့လာဦးမှာဖြစ်ပြီး အခြေအနေတွေကို အချိန်တိုအတွင်းမှာ ပြုပြင်နိုင်ဖို့ မလွယ်ကြောင်း အင်္ဂလန်နောက်ခံလူဟောင်း မီကာရစ်ချက်က ပြောပါတယ်။

မန်ယူအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ ခရစ္စတယ်ပဲလေ့ကို အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပြီး ပွဲစဉ် ၇ ပွဲအပြီးမှာ ၃ ပွဲနိုင် ၄ ပွဲ ရှုံး ရလဒ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေတာပါ။

ယူနိုက်တက်အသင်းရဲ့ အခြေအနေတွေက စိတ်ပျက်စရာကောင်းပြီး ထိပ်ဆုံးလေးသင်းနဲ့ ၇ မှတ်ကွာဟနေသလို၊ ၇ ပွဲမှာ ၇ ဂိုး ပဲ သွင်းနိုင်တာကလည်း ထိပ်တန်းအသင်းတွေရဲ့ ရဂိုးအရေအတွက်နဲ့ ကွာဟချက်ကြီးမားနေကြောင်း မီကာရစ်ချက်က ပြောပါတယ်။

အသင်းရဲ့အခြေအနေတွေဟာ အချိန်တိုအတွင်းမှာ ကုစားဖို့ မလွယ်တာကြောင့် ဆက်လက်ပြီး ရလဒ်ဆိုးတွေရှိလာဦးမှာ ဖြစ်ကြောင်းလည်း သူကပြောပါတယ်။

မန်ယူအသင်းမှာ နောက်ခံလူတွေ ဒဏ်ရာပြဿနာရှိနေတာက အားနည်းချက်တစ်ခုဖြစ်နေပြီး တိုက်စစ်ပိုင်းက အဆုံးသတ်ညံ့ဖျင်းမှုဟာလည်း ရလဒ်ဆိုးတွေရဲ့ အဓိကအချက်တွေအဖြစ် ဗြိတိန်မီဒီယာတွေက သုံးသပ်ကြပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013