DVB Logo
Home
မြန်မာသတင်း
ကန်ပက်လက်မြို့နယ်က CDM များ မီးဖွားစရိတ်၊ ဆေးကုစရိတ်လျှောက်ထားနိုင်
DVB
·
October 1, 2023
ကန်ပက်လက်မြို့နယ်က CDM များ မီးဖွားစရိတ်၊ ဆေးကုစရိတ်လျှောက်ထားနိုင်
Donate to DVB

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က CDM ဝန်ထမ်းတွေ အရေးပေါ်မီးဖွားစရိတ်နဲ့ ဆေးကုသစရိတ် လျှောက်ထားနိုင်တယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဆီက သိရပါတယ်။

ကန်ပက်လက်မြို့နယ်က CDM ဝန်ထမ်းတွေကို ကန်ပက်လက်မြို့နယ်၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ လက်အောက်မှာရှိတဲ့ ဝန်ထမ်းရေးရာဌာနက သက်ဆိုင်ရာအဖွဲ့အစည်း၊ ဝန်ကြီးဌာန စတာတွေနဲ့ ချိတ်ဆက်ပြီး ထောက်ပံ့ပေးနိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်တုန်းကတော့ CDM ဝန်ထမ်း အားလုံးနီးပါးကို ထောက်ပံ့ပေးခဲ့ပေမဲ့ အခုနောက်ပိုင်းမှာ ရံပုံငွေအခြေအနေကြောင့် အရေးပေါ် မီးဖွားစရိတ်နဲ့ ဆေးကုသစရိတ်တွေကိုပဲ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

ခင်ပွန်းက CDM ဝန်ထမ်းဖြစ်စေ၊ ဇနီးသည်က CDM ဝန်ထမ်းဖြစ်စေ ၆ လအတွင်း ဘယ်အဖွဲ့အစည်းဆီကမှ ဆေးကုသစရိတ် မရဖူးသူတွေဟာ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီမှာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ကန်ပက်လက်၊ ဝန်ထမ်းရေးရာဌာနတာဝန်ရှိသူတယောက်က “ရဲဝန်ထမ်း ၅၁ ယောက် အတွက်တော့ ပြည်သူ့ရင်ခွင်နဲ့ချိတ်ဆက်ပြီး လစဉ် ထောက်ပံ့မှုတွေရှိမယ်။ မီးဖွားစရိတ်နဲ့ ဆေးကုသစရိတ်ကိုတော့ တလ အနည်းဆုံး ၅ ယောက်လောက် ထောက်ပံ့ ပေးတာတွေရှိတယ်။ တခြား NGO၊ CSO တွေနဲ့ချိတ်ပြီး ခက်ခဲတဲ့သူတွေကို ရွေးချယ်ပြီးပေးတယ်။ ၂ နှစ်အောက် ကလေးမိခင်တွေကို ထောက်ပံ့ပေးတာတွေရှိတယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ CDM ဝန်ထမ်းဦးရေ ၈၀၀ ရှိပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပါဝင်နေတဲ့ C

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013