DVB Logo
Home
နိုင်ငံတကာ
အိမ်ရာပံ့ပိုးမှု အားနည်းသည့်အပေါ်  အစိုးကို ပေါ်တူဂီနိုင်ငံသားများ ဆန္ဒပြ
DVB
·
October 1, 2023
အိမ်ရာပံ့ပိုးမှု အားနည်းသည့်အပေါ်  အစိုးကို ပေါ်တူဂီနိုင်ငံသားများ ဆန္ဒပြ
Donate to DVB

ပေါ်တူဂီနိုင်ငံက မြို့အများအပြားမှာ ဆန္ဒပြသူတွေ စက်တင်ဘာ ၃၀ ရက်က လမ်းတွေပေါ် ထွက်လာခဲ့ပါတယ်၊

တတ်နိုင်လောက်တဲ့ အိမ်ရာတွေအတွက် ပံ့ပိုးကူညီမှု အားနည်းတယ်လို့ သူတို့ ရှုမြင်တဲ့ ဆိုရှယ်လစ် အစိုးရကို ဝေဖန်ခဲ့ကြပါတယ်။

လစ်စဘွန်းမြို့က ဆန္ဒပြသူတွေက အိမ်ရာဟာ အခွင့်အရေးဖြစ်တယ်လို့ ရေးထားတဲ့ စာတန်းတွေကို ကိုင်ဆောင်ထားပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရက ပျက်ကွက်နေတယ်လို့ ထင်မြင် ဝေဖန်တဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။

ဇနီးနှင့် မွေးကင်းစကလေးကို ခေါ်လာတဲ့ အသက် ၃၁ နှစ်အရွယ် ဆန္ဒပြသူ ဒင်းနစ် ဂျင်းနီစ် လိုရန်စိုက သူ့ရဲ့ အရွယ်အစားကြီးလာတဲ့ မိသားစု လိုက်လျောညီထွေနေဖို့ ပိုကြီးတဲ့ အိမ်ဆီ ပြောင်းဖို့ မတတ်နိုင်ဘူးလို့ ပြောပါတယ်။

လိုရန်စိုနဲ့ တခြား ဝေဖန်သူတွေက အစိုးရက အခုနှစ် အစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ကာလတို ငှားရမ်းမှုတွေအပေါ် ကန့်သတ်ချက်တွေပါတဲ့ အစီအမံတွေဟာ အကျပ်အတည်းကို ဖြေရှင်းဖို့ မလုံလောက်ဘူးလို့ ပြောပါတယ်။

ချမ်းသာတဲ့ နိုင်ငံခြားသားတွေက အိမ်ခြံမြေ လောကကို ငွေဝင်မြှုပ်နှံတာနဲ့ တတ်နိုင်တဲ့ အိမ်ယာ ရှား ပါးမှုအပါအဝင် အကြောင်းရင်းများစွာကြောင့် အခြေအနေက ပိုမိုဆိုးရွားလာတာပါ။

ပေါ်တူဂီဟာ အနောက်ဥရောပရဲ့ အဆင်းရဲဆုံးနိုင်ငံ တခုဖြစ်ပြီး ပျမ်းမျှလစဉ် လုပ်ခ ယူရို ၁၂၀၀ (ဒေါ်လာ ၁၂၆၈) ရှိနေပါတယ်။

၂၀၁၅ ခုနှစ်မှာ ခရီးသွားလုပ်ငန်း ထွန်းကားလာချိန်က စပြီး လစ္စဘွန်းမှာ ငှားရမ်းခ ၆၅ ရာခိုင်နှုန်း တိုးလာလို့ လူများစွာအတွက် တိုက်ခန်းခတွေက မတတ်နိုင်စရာ ဖြစ်လာခဲ့တာပါ။

အိမ်ရာ သတင်းအချက်အလက် ကျွမ်းကျင်သူတွေရဲ့ Confidencial Imobiliario အဖွဲ့ အဆိုအရ အဲဒီ ကာလအတွင်း ရောင်းဈေးဟာ ၁၃၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တခြား မရေရာတဲ့ အလုပ်သမားတွေဟာ အထူးသဖြင့် ပို ထိခိုက်ခံစားခဲ့ရ ပါတယ်။

ပေါ်တူဂီနိုင်ငံအတွင်း ရွှေ့ပြောင်းအသိုက်အဝန်းရဲ့ ၄၀ ရာခိုင်နှုန်းရှိတဲ့ ဘရာဇီး နိုင်ငံသားတွေဟာ ပျမ်းမျှအားဖြင့် ပေါ်တူဂီ နိုင်ငံသားတွေအောက် ၂၀ ရာခိုင်နှုန်းလောက်သာ ဝင်ငွေရှိတယ်လို့ Migration Observatory အဖွဲ့ရဲ့ သတင်းအချက်အလက်တွေက ဆိုပါတယ်။

သူတို့ အများစုဟာ တရားဝင်လစဉ် အနိမ့်ဆုံးလစာ ယူရို ၇၆၀ ထက်နည်းတဲ့ဝင်ငွေကိုသာ ရနေကြတယ်လို့လည်း ဆိုထားပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013