DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယားသမ္မတကတော်ဟောင်း ဂင်မ်ဂွန်ဟီးကို လာဘ်ငွေလက်ခံမှုဖြင့် ထောင်ဒဏ်ချမှတ်
DVB
·
June 26, 2026
Photo: REUTERS / YONHAP NEWS TELEVISION / U.S. NETWORK POOL / AGENCY POOL / FOREIGN POOL
Photo: REUTERS / YONHAP NEWS TELEVISION / U.S. NETWORK POOL / AGENCY POOL / FOREIGN POOL
Donate to DVB

တောင်ကိုရီးယား တရားရုံးတခုဟာ သမ္မတကတော်ဟောင်း ဂင်မ်ဂွန်ဟီးကို လာဘ်ပေးလာဘ်ယူမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိရလို့ ဇန်နဝါရီ ၂၈ ရက်မှာ ထောင်ဒဏ် ၁ နှစ်နဲ့ ၈ လ ချမှတ်လိုက်ပါတယ်။

ဒါပေမဲ့ စတော့ရှယ်ယာဈေးကွက် ကစားမှု၊ နိုင်ငံရေးရန်ပုံငွေဥပဒေ ချိုးဖောက်မှု စတဲ့ စွဲချက်တွေကနေတော့ ဂင်မ်ဂွန်ဟီးကို တရားရုံးက အပြစ်မရှိကြောင်း ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။

တရားစွဲဆိုသူတွေကတော့ ဂင်မ်ဂွန်ဟီးဟာ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်တုန်းက တရားမဝင် ရှယ်ယာဈေးကွက် ကစားမှုမှာ ပါဝင်ပြီး ဝမ် သန်း ၈၀၀ (အမေရိကန်ဒေါ်လာ ၅၆၁,၉၀၀ ခန့်) အမြတ်ထုတ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒါ့အပြင် ယူနီဖီကေးရှင်း ချာ့ချ် ခရစ်ယာန်အသင်းတော်ဆီကနေ ဩဇာလွှမ်းမိုးမှုရဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပေးအပ်တဲ့ ဝမ် သန်း ၈၀ (အမေရိကန်ဒေါ်လာ ၅၆,၁၇၀ လောက်) တန်ဖိုးရှိ Chanel အိတ် ၂ လုံး၊ စိန်ဆွဲကြိုးတကုံးနဲ့ ကိုရီးယားဂျင်ဆင်းတွေကို လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။

ဂင်မ်ဂွန်ဟီး ကတော့ သူ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပြီး သူကိုယ်တိုင်လည်း ရှယ်ယာ အရောင်းအဝယ် မလုပ်ခဲ့သလို ညွှန်ကြားခဲ့တာမျိုးလည်း မရှိဘူးလို့ သူ့ရှေ့နေတွေက ပြောပါတယ်။

အသင်းတော်ကပေးတဲ့ လက်ကိုင်အိတ်တွေဟာလည်း ဘာအကျိုးအမြတ်မှ မျှော်လင့်ချက်မရှိဘဲ လက်ဆောင်အဖြစ် ပေးခဲ့တာသာ ဖြစ်တယ်လို့ ပြောထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013