
အာဆင်နယ်အသင်းဟာ ဘုန်းမောက်နဲ့ပွဲစဉ်မတိုင်ခင်မှာ အဓိက ကစားသမားတွေဒဏ်ရာရရှိ နေတဲ့ ပြဿနာ ကြုံတွေ့နေရပါတယ်။
အာဆင်နယ်အသင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဆာကာနဲ့ ဒက်ကလန်ရိုက်စ်တို့ဟာ စပါးအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်အပြီးကတည်းက လေ့ကျင့်ခန်း မဆင်းနိုင်သေးဘဲ ဖြစ်နေကြောင်း နည်းပြအာတီတာက အတည်ပြုပါတယ်။
စနေနေ့မှာ ကစားရမယ့် ဘုန်းမောက်နဲ့ပွဲစဉ်မှာ ဆာကာနဲ့ရိုက်စ်တို့အပြင် ထရော့ဆတ်၊ မာတင်နယ်လီတို့ဟာလည်း ဒဏ်ရာတွေကြောင့် ပါဝင်နိုင်ဖို့မရှိပါဘူး။
သောမက်စ်ပါတေး၊ တင်းဘာတို့ကလည်း ကာလရှည် ဒဏ်ရာတွေကြောင့် ဆက်လက် လွဲချော်မှာဖြစ်သလို ကွင်းလယ်ကစားသမား ဖေဘီယိုဗီအဲယာဟာလည်း ဒဏ်ရာရက စားသမားစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ကြားရက်မှာကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲကတည်းက အဓိက ကစားသမားတချို့ ပါဝင်နိုင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters










