DVB Logo
Home
မြန်မာသတင်း
ညောင်ဦးတွင် လိုက်ထရပ်ကား ရေထဲမျောပြီး လူ ၂ ဦးသေ
DVB
·
September 29, 2023
ညောင်ဦးတွင် လိုက်ထရပ်ကား ရေထဲမျောပြီး လူ ၂ ဦးသေ
Donate to DVB

မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ တောင်ဇင်းတိုက်နယ်၊ လျှော်ပင်ရွာအနီးမှာ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက လိုက်ထရပ်ယာဉ်တစီး တောင်ကျချောင်းရေမျောပြီး လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ကားတစီး ရေထဲမျောပါသွားတယ်လို့ မနက် ၈ နာရီခွဲက သတင်းရရှိခဲ့တာကြောင့် ညောင်ဦးခရိုင်၊ မြို့နယ်မီးသတ်၊ တောင်ဇင်းမီးသတ်တပ်ဖွဲ့တို့က သွားရောက် ကယ်ဆယ်ခဲ့ကြတာ ဖြစ်ပါတယ်။

မြို့ခံကယ်ဆယ်ရေးအသင်းဝင်တဦးက “မြင်တဲ့သူပြောတာတော့ ချောင်းရေကျတာကို ဖြတ်ကူးရင်း ချောင်းအတိုင်း ကားပါ မျောသွားတာ။ ဒီချောင်းက အမြဲရေမရှိပါဘူး။ မိုးသိပ်ရွာရင်တော့ ‌ရေရော၊ နုန်းပါ ကျတာ။ ကားကိုပြန်တွေ့တာ လျှော်ပင်ရွာနားမှာပဲ။ ခေါင်းခန်းက နှစ်ယောက်စလုံး ရေမွန်းသေဆုံးနေပြီ” လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်ထရပ်ကားကို ချောင်းအတွင်းရှိ သဲမြေနှုန်းထဲမှာ ရှာတွေ့ခဲ့ပြီး ကားခေါင်းခန်းရှိ အသက် ၃၀ ကျော်အရွယ် ယာဉ်မောင်းနဲ့ အမျိုးသားတဦးတို့မှာ သေဆုံးနေပြီ ဖြစ်ပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီလို့ သိရပြီး ရုပ်အလောင်းတွေကို ကရုဏာရှင် နာရေးကူညီမှုအသင်းယာဉ်နဲ့ ညောင်ဦးခရိုင် ခုတင် ၂၀၀ ဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။

စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းကလည်း ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ရွာအနီးရှိ ကျောက်ပန်းတောင်း-မြင်းခြံလမ်းမ ဆည်ပေါက်ချောင်း ရေလျှံမှု ဖြစ်ပွားခဲ့ပါတယ်။

စက်တင်ဘာ ၂၉ ရက် မနက် ၆ နာရီခွဲလောက်က ညောင်ဦးမြို့နယ်အနီး မြစ်ရေအခြေအနေ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၂,၁၂၀ စင်တီမီတာမှာ ရေအမှတ် ၁,၈၂၄ စင်တီမီတာ ရှိနေခဲ့ပြီး စက်တင်ဘာ ၂၈ ရက်ထက် ၃ စင်တီမီတာ တိုးလာတယ်လို့ မြန်မာမိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013