DVB Logo
Home
နိုင်ငံတကာ
ရန်ပုံငွေဥပဒေကြမ်း ပယ်ချခံပြီးနောက် အစိုးရလုပ်ငန်းများ ရပ်သွားနိုင်ဟု သမ္မတဘိုင်ဒင် ပြော
DVB
·
September 28, 2023
ရန်ပုံငွေဥပဒေကြမ်း ပယ်ချခံပြီးနောက် အစိုးရလုပ်ငန်းများ ရပ်သွားနိုင်ဟု သမ္မတဘိုင်ဒင် ပြော
Donate to DVB

ရန်ပုံငွေဥပဒေကြမ်းကို အတည်မပြုနိုင်ဘဲ ဖြစ်နေတာကြောင့် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားမှုဟာ ရှောင်လွှဲလို့မရနိုင်ဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စက်တင်ဘာ ၂၇ ရက်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ရှိ သိပ္ပံနဲ့နည်းပညာ အကြံပေးအဖွဲ့ရဲ့ သိပ္ပံနဲ့ ကျန်းမာရေးဆိုင်ရာ အရေးကြီးတဲ့ အလုပ်များစွာမှာ သက်ရောက်မှုရှိနိုင်ကြောင်းလည်း ဘိုင်ဒင်က ပြောပါတယ်။

သမ္မတ ဘိုင်ဒင်က “အစိုးရ ရပ်သွားလို့ရှိရင် ကင်ဆာသုတေသနကနေ အစားအသောက် ဘေးကင်းရေးအထိ သိပ္ပံနဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့အလုပ်တွေ အများကြီးကို သက်ရောက်မှု ရှိနိုင်တယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်သူတွေဟာ သူတို့ရဲ့အလုပ်ကို လုပ်ဖို့နဲ့ အစိုးရကို ရန်ပုံငွေထောက်ပံ့ဖို့ အောက်လွှတ်တော်က ရီပတ်ဘလစ်ကန် မိတ်ဆွေတွေကို လိုအပ်နေတယ်” လို့ သတင်းထောက်ရဲ့မေးခွန်းကို ဖြေကြားပါတယ်။

ရီပတ်ဘလစ်ကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကက်ဗင် မက်ကာသီက အထက်လွှတ်တော်ကို တက်လာတဲ့ stopgap ရန်ပုံငွေဥပဒေကြမ်းကို ဗုဒ္ဓဟူးနေ့မှာ ပယ်ချခဲ့တာကြောင့် ဝါရှင်တန်ဟာ ဆယ်စုနှစ်တခုအတွင်း အမေရိကန်အစိုးရရဲ့ စတုတ္ထမြောက် တစိတ်တပိုင်း ရပ်ဆိုင်းမှု ဖြစ်လာဖို့ ၄ ရက်သာ လိုတော့တဲ့ အခြေအနေနဲ့ နီးကပ်လာပါတယ်။

ဒီလိုဖြစ်လာခဲ့ရင် ဒီမိုကရက်တစ်ပါတီ သမ္မတ ဂျိုးဘိုင်ဒင်က ဥပဒေအဖြစ် လက်မှတ်ရေးထိုးမယ့် ရန်ပုံငွေဥပဒေကြမ်းကို ကွန်ဂရက်လွှတ်တော်က မဆုံးဖြတ်မချင်း ဖက်ဒရယ်အလုပ်သမားတွေ ထောင်ပေါင်းများစွာ ယာယီအလုပ်ရပ်နားခံရတာ၊ စီးပွားရေး အချက်အလက် ထုတ်ပြန်မှုကနေ အာဟာရအကျိုးခံစားခွင့်တွေအထိ အစိုးရဝန်ဆောင်မှု များစွာကို ရပ်ဆိုင်းနိုင်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အစိုးရရပ်ဆိုင်းမှု ဖြစ်ပေါ်လာရင် အဲဒီအခြေအနေတွေကို တုံ့ပြန်ဖို့ လုပ်ဆောင်ရမယ့် အစီအစဉ်တွေကို စီစဉ်နေတယ်လို့  ပြောရေးဆိုခွင့်ရှိသူ မက်သယူးမစ်လာက စက်တင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။

ဒီလိုအဖြစ်မျိုးကို ရှောင်ရှားနိုင်ဖို့ သက်ဆိုင်ရာ ဥပဒေကြမ်းတွေကို ကွန်ဂရက်လွှတ်တော်က အတည်မပြုပေးမှာကိုတော့ စိုးရိမ်ကြောင်း မစ်လာက ပြောသွားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013