DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယရှိ iPhone တပ်ဆင်သည့် ထိုင်ဝမ်စက်ရုံ မီးလောင်
DVB
·
September 27, 2023
အိန္ဒိယရှိ iPhone တပ်ဆင်သည့် ထိုင်ဝမ်စက်ရုံ မီးလောင်
Donate to DVB

Apple နိုင်ငံတကာကော်ပိုရေးရှင်းဆီ ကွန်ပြူတာနဲ့ အီလက်ထရောနစ်ပစ္စည်း အစိတ်အပိုင်းတွေ ပေးသွင်းတဲ့ ထိုင်ဝမ် ပေဂါထရွန် ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံရှိ သူ့ရဲ့စက်ရုံမှာ မီးလောင်ပြီးနောက် လုပ်ငန်းတွေ ရပ်ဆိုင်းထားလိုက်ပါတယ်။

အိန္ဒိယတောင်ပိုင်း၊ တမီလ်နာဒူးပြည်နယ်၊ ချန်နိုင်းမြို့နားမှာရှိတဲ့ ပေဂါထရွန်စက်ရုံမှာ စက်တင်ဘာ ၂၄ ရက်က မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး မီးလောင်ပြီးနောက် ဒုတိယမြောက်နေ့ ဖြစ်တဲ့ စက်တင်ဘာ ၂၆ ရက်မှာ iPhone တပ်ဆင်တဲ့လုပ်ငန်းတွေကို ဆက်ပြီးရပ်ထားဖို့ အလုပ်သမားတွေကို ပြောခဲ့တယ်လို့ သတင်းရင်းမြစ် ၃ ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အလုပ်ရပ်စဲခိုင်းရတဲ့ အကြောင်းအရင်းကိုတော့ အလုပ်သမားတွေကို ထုတ်မပြောဘူးလို့ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်ရိုက်သိထားတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

မီးလောင်မှုဖြစ်ပြီးနောက် စက်တင်ဘာ ၂၅ ရက်ကတည်းက ထိုင်ဝမ်ကုမ္ပဏီက နေ့ဆိုင်းညဆိုင်း လုပ်ငန်းတွေကို ဆိုင်းငံ့ထားတယ်လို့လည်း ပြောပါတယ်။

စက်ရုံထဲမှာ လျှပ်စစ်မီးပွားထွက်တာ ရှိခဲ့တယ်လို့ ပေဂါထရွန်က တနင်္လာနေ့မှာ ထုတ်ပြန် ကြေညာခဲ့ပြီး ဒီဖြစ်ရပ်ဟာ ကုမ္ပဏီအတွက် သိသာတဲ့ ငွေကြေးဆုံးရှုံးမှု ဒါမှမဟုတ် လုပ်ငန်းလည်ပတ်ရေး သက်ရောက်မှု မရှိဘူးလို့လည်း ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

လက်ရှိအချိန်မှာ မီးငြိမ်းသွားပြီလို့ အရေးပေါ်တုံ့ပြန်ရေးဌာနက ပြောပါတယ်။ ဒီစက်ရုံဟာ တရက်ကို iPhone အလုံးရေ ၂၆,၀၀၀ လောက် ထုတ်လုပ်နိုင်ပေမဲ့ မကြာသေးမီလတွေအတွင်း တရက်ကို iPhone အလုံးရေ ၈,၀၀၀  မှ ၁၂,၀၀၀ လောက် တပ်ဆင်ပေးနေတယ်လို့ စက်မှုလုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ်တရပ်က ပြောပါတယ်။

ပေဂါထရွန်ကုမ္ပဏီကတော့ ထုတ်လုပ်မှု ခန့်မှန်းချက်အပေါ် မှတ်ချက်ပေးဖို့ ငြင်းခဲ့သလို Apple ကော်ပိုရေးရှင်းကလည်း  မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို မတုံ့ပြန်ပါဘူး။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013