DVB Logo
Home
အားကစား
မာရာဒိုနာ၏ ဒေါ်လာ ၉ သန်းတန် အင်္ကျီဇာတ်လမ်း
DVB
·
June 24, 2026
Photo: REUTERS / PHIDEL MCCABE
Photo: REUTERS / PHIDEL MCCABE
Donate to DVB

အာဂျင်တီးနား ဂန္ထဝင်ကစားသမား မာရာဒိုနာရဲ့ ဒေါ်လာ ၉ ဒသမ ၂၈ သန်းတန် အပြာရောင်ဘောလုံးအင်္ကျီက မက္ကဆီကိုနိုင်ငံရဲ့ တက်ပီတိုမှာရှိတဲ့ ဈေးလေးကနေရတဲ့ အင်္ကျီတထည် ဖြစ်ဖွယ်ရှိတယ်လို့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဖီဒယ်မက်ကာဘီက ပြောပါတယ်။​

မန်ချက်စတာမြို့မှာ မွေးဖွားတဲ့ မက်ကာဘီက El Diez: Make in Tepito မှတ်တမ်းရုပ်ရှင်ထဲမှာ ပါဝင်တဲ့အကြောင်းတွေကို ရည်ညွှန်းပြောဆိုခဲ့တာပါ။

၁၉၈၆ ခုနှစ် ဇွန် ၂၂ ရက်က ဘုရားပေးသောလက်လို့ ထင်ရှားတဲ့ ဂိုးနဲ့ အင်္ဂလန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ မာရာဒိုနာ ဝတ်ဆင်ခဲ့တဲ့ ဂျာစီအင်္ကျီရဲ့ နောက်ကွယ်က အကြောင်းပဲ ဖြစ်ပါတယ်။

ဥရုဂွေးအသင်းနဲ့ ကစားခဲ့ပြီးနောက် အင်္ဂလန်နဲ့ပွဲမှာ အင်္ကျီပြာ ထပ်ဝတ်ဖို့ လိုအပ်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းက အင်္ကျီပြာရရှိဖို့ ရှာဖွေခဲ့တဲ့အချိန်မှာ မာရာဒိုနာ ဝတ်ဆင်ခဲ့တဲ့ အထင်ကရ အင်္ကျီကို တက်ပီတိုလမ်းဘေးဈေးမှာ တွေ့ခဲ့တာပါ။

မက်ကာဘီက “ကျနော်က မာရာဒိုနာဖန် အကြီးစားပါ။ ဒီဇာတ်လမ်းကို ESPN မှာ တွေ့လိုက်လို့ ဈေးထဲသွားပြီး စုံစမ်းမှုပြုလုပ်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒီဇာတ်လမ်းက ဂန္ထဝင်ဇာတ်လမ်း ဖြစ်သလို သံသယဖြစ်စရာတွေ အမြင်မျိုးစုံတွေ ကြားခဲ့ရတယ်လို့ မက်ကာဘီက သူ စုံစမ်းရမှုကို ပြောပြခဲ့ပါသေးတယ်။

မက္ကဆီကိုမြို့မှာတောင် ဘယ်ဇာတ်လမ်းက အမှန်လဲဆိုတာ လူတွေက မသိကြတော့ဘူးလို့ ဆိုပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ဟာ အာဂျင်တီးနားအသင်းနဲ့ ဥရုဂွေးအသင်းတို့ ကစားပြီးနောက် အင်္ဂလန်နဲ့ မကစားမီ ၆ ရက်က အကြောင်းအရာတွေကို ရိုက်ကူးထားတာပါ။

ဒီမှတ်တမ်းရုပ်ရှင်မှာ အိုအာဟာကာရှိ ဇာပိုတက်အနုပညာရှင် အာနာဟိုပါရဲ့ ပန်းချီလက်ရာနဲ့ ကြော်ငြာပုံရိပ် အသုံးပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013