
တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ ကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲ စက်တင်ဘာ ၂၅ ရက်နေ့ ရေကူးပွဲစဉ်တွေမှာ တရုတ်နိုင်ငံ ကိုယ်စားပြု ရေကူးအားကစားသမားတွေက အိမ်ရှင် ပရိသတ်ရှေ့မှောက်မှာ ရွှေတံဆိပ်ဆု အများအပြား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အိမ်ရှင် တရုတ်အသင်းတွေဟာ အမျိုးသား မီတာ ၅၀ နောက်ပြန်ကူး၊ အမျိုးသမီး မီတာ ၅၀ နောက်ပြန်ကူး၊ အမျိုးသား မီတာ ၁၀၀ ရှေ့ပစ်ကူး နဲ့ အမျိုးသမီး မီတာ ၂၀၀ တဦးချင်းပြိုင်ပွဲတွေမှာ ရွှေနဲ့ငွေ ဆုတံဆိပ်တွေကို ရယူနိုင်ခဲ့တာပါ။
တရုတ်နိုင်ငံဟာ မနေ့က ရွှေတံဆိပ် ၄ ခု အပါအဝင် ပြိုင်ပွဲ ၇ မျိုးလုံးမှာ ဆုတံဆိပ်တွေ ရရှိထားပြီး ရေကူးကန်မှာ ပြိုင်ပွဲတခုစီအတွက် အနည်းဆုံး ရေကူးသမားတဦး စင်မြင့်ပေါ် တက်ရောက် ဆုယူကြပြီးတော့ ရေကူးအားကစားနယ်ပယ်မှာ အောင်ပွဲတွေ ဆက်ပြီး ရရှိနေတာပါ။
ကိုရီးယားအသင်းကလည်း ရေကူးအားကစားမှာ အောင်ပွဲတွေ ရယူနိုင်ခဲ့ပြီး အမျိုးသား မီတာ ၅၀ အလွတ်ကူးပြိုင်ပွဲနဲ့ အမျိုးသား မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲတွေ ရွှေတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အမျိုးသမီး ကျွမ်းဘားပြိုင်ပွဲမှာလည်း တရုတ်အမျိုးသမီးအသင်းဟာ ရွှေတံဆိပ် ရရှိခဲ့ပြီး ဂျပန်အသင်းက ဒုတိယ၊ မြောက်ကိုရီးယားက တတိယရရှိခဲ့ကြပါတယ်။
Source/Photo-Reuters