DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ်၌ မြန်မာဘက်မှဝင်ရောက်သည့် မူးယစ်ဆေးဝါး ၂၂၅ ဂရမ် သိမ်းဆည်းမိ
DVB
·
September 25, 2023
ထိုင်းနယ်စပ်၌ မြန်မာဘက်မှဝင်ရောက်သည့် မူးယစ်ဆေးဝါး ၂၂၅ ဂရမ် သိမ်းဆည်းမိ
Donate to DVB

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ခိုချန်းဘက်မှာ မြန်မာနိုင်ငံဘက်ခြမ်း၊ ရှမ်းပြည်နယ်ဘက်က ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့တွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မက်သာဖတ်တမင်း မူးယစ်ဆေးဝါး ၂၂၅ ကီလိုဂရမ်ခန့် သိမ်းဆည်းရမိခဲ့တယ်လို့  Thai PBS World သတင်းမှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့မှာ နယ်စပ် မူးယစ်ဆေးဝါး မှောင်ခိုဝင်ရောက်လာမှု မရှိစေဖို့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက ခိုချန်းခရိုင်၊ ဘန်းပဒါန်းနယ်မြေအတွင်း ပုံမှန်ကင်းလှည့်နေစဥ် မြန်မာနိုင်ငံဘက်ခြမ်းကနေ လက်နက်ကိုင် ၁ဝ ဦးခန့်က မူးယစ်ဆေးဝါးတွေ သယ်ဆောင်ကာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့တာပါ။

ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာ အစစ်ဆေးမခံဘဲ သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့ပြီး ၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ မှောင်ခိုအဖွဲ့တွေက မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်လည်ထွက်ပြေးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပစ်ခတ်မှုဖြစ်ပွားရာနေရာကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က အန္တရာယ်ကင်းစေဖို့ နယ်မြေရှင်းလင်းစဥ် အိုက်စ်မက်သာမက်တမင်း ၂ဝ-၂၅ ဂရမ်ပါဝင်တဲ့ အိတ် ၉ လုံးကို သိမ်းဆည်းရမိခဲ့ပြီး ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဘက်ကတော့ အထိအခိုက် မရှိဘူးလို့ ဆိုပါတယ်။

အဆိုပါမှောင်ခိုအဖွဲ့ကို မြန်မာနိုင်ငံထဲက ‘ဝ”နဲ့  ရှမ်းလူမျိုးတွေလို့ ယူဆထားပြီး မူးယစ်ဆေးဝါးတွေက မြန်မာနိုင်ငံမြောက်ပိုင်းမှာ  ထုတ်လုပ်တာဖြစ်ပါတယ်။

မူးယစ်ဆေးတွေကို ထိုင်းနယ်စပ်အနီး တာချီလိတ်မြို့ကို တဆင့်သယ်ဆောင်လာကာ ထိုင်းနိုင်ငံအတွင်း ဖြန့်ချိဖို့ နယ်စပ်ဖြတ်ကျော်လာရာက ဖမ်းဆီးရမိတာဖြစ်တယ်လို့ အရာရှိတဦးက  ထိုင်းမီဒီယာတွေကို ပြောပါတယ်။

Photo-Thai PBS & Maesaipress

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013