
စပါးအသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်လူ ဂျော်ဂျင်ညိုရဲ့အမှားကနေ ချေပဂိုးပေးလိုက်ရတဲ့အပေါ် အာဆင်နယ်ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။
မနေ့ညက အမ်းမရိတ်ကွင်းမှာ ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါ ဘီပွဲစဉ်မှာ အာဆင်နယ်က နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမဲ့ စပါးအသင်းက ပြန်လည်ချေပခဲ့ပြီး နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာပါ။
စပါးအသင်းရရှိသွားတဲ့ ဒုတိယချေပဂိုးဟာ လူစားဝင်ကစားသမား ဂျော်ဂျင်ညိုရဲ့ ဘောလုံးထိန်းသိမ်းပုံ မသေသပ်မှုကနေ မက်ဒီဆန်က လုယူပြီးပေးပို့ခဲ့တာကို ဆွန်ဟောင်မင်က အပိုင် ကန်သွင်းသွားခဲ့တာပါ။
ဂျော်ဂျင်ညိုဟာ ပင်စင်စားတစ်ဦးလို ကစားနေပြီး ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုပြင်းထန်တဲ့ ပွဲစဉ်တွေမှာ ယုံကြည်လို့ မရနိုင်ကြောင်း အာဆင်နယ်ပရိသတ်တစ်ဦးက တွစ်တာကနေ ဝေဖန်ပါတယ်။
နည်းပြအာတေတာဟာ ကွင်းလယ်လူရိုက်စ်နောက်ကျောဒဏ်ရာရခဲ့တာကြောင့် ဒုတိယပိုင်းမှာ ဂျော်ဂျင်ညိုကို လူစားလဲခဲ့တာပါ။ နည်းပြအာတေတာကတော့ အမှား တွေဟာပွဲရဲ့ အစိတ်အပိုင်းဖြစ်သလို ကစားသမားတိုင်းဟာလည်း အမှားမကင်းကြောင်း ဂျော်ဂျင်ညို အပေါ် ကာကွယ်ပြောသွားခဲ့ပါတယ်။
Photo-Reuters










