DVB Logo
Home
အားကစား
နောက်တဆင့်တက်ရန် အိန္ဒိယနှင့်ပွဲကို ဗိုလ်လုပွဲကဲ့သို့ ယှဥ်ပြိုင်မည်ဟု မြန်မာနည်းပြပြော
DVB
·
September 24, 2023
နောက်တဆင့်တက်ရန် အိန္ဒိယနှင့်ပွဲကို ဗိုလ်လုပွဲကဲ့သို့ ယှဥ်ပြိုင်မည်ဟု မြန်မာနည်းပြပြော
Donate to DVB

အာရှအားကစားပြိုင်ပွဲတွင် နောက်တဆင့်တက်ရောက်နိုင်ဖို့ အုပ်စုနောက်ဆုံးပွဲစဥ်ဖြစ်တဲ့ အိန္ဒိယအသင်းနဲ့ ပွဲစဥ်ကို ဗိုလ်လုပွဲ တပွဲလို့ ယှဥ်ပြိုင်သွားမယ်လို့ မြန်မာအသင်းနည်းပြ ဖက်ချ်တန်ဘိုင်နာက တရုတ်ကို ရှုံးနိမ့်တဲ့ပွဲအပြီးမှာ ပြောပါတယ်။

မြန်မာအသင်းဟာ အာရှအားကစားပြိုင်ပွဲတွင် အုပ်စု က မှာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ နဲ့ကျရောက်နေပြီး ရမှတ် ၃ မှတ် နဲ့ အဆင့် ၃နေရာမှာ ရပ်တည်နေပါတယ်။

နည်းပြ ဖက်ချ်တန်ဘိုင်နာက"အိန္ဒိယနဲ့ပွဲစဥ်က တကယ့်ကိုအရေးပါတဲ့ပွဲစဥ်ဖြစ်ပါတယ်။ နှစ်သင်းလုံးက ဘင်္ဂလားဒေ့ရှ်ကိုနိုင်ပြီး တရုတ်ကို ရှုံးထားကြတယ်။ အုပ်စုဒုတိယနေရာအတွက်ကို ကျနော်တို့ ဗိုလ်လုပွဲတပွဲလိုက စားသွားမှာပါ။ တရုတ်နဲ့ပွဲအပြီး နားရက် နှစ်ရက် ရခဲ့အတွက်လည်း ကျနော့်ကစားသမားတွေ အိန္ဒိယနဲ့ပွဲအတွက် အဆင်သင့်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။

အာရှအားကစားအမျိုးသားဘောလုံးပြိုင်ပွဲတွင် အုပ်စု ၆ ခုမှ ပထမရ ၆ သင်း၊ ဒုတိယရ ၆ သင်း နဲ့ အကောင်းဆုံး တတိယ ၄ သင်းက နောက်တဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာအသင်းအနေဖြင့် နောက်တဆင့်တက်ဖို့ သေချာအောင် အိန္ဒိယကို အနိုင်ကစားရမှာဖြစ်ပြီး သရေနဲ့ရှုံးနိမ့်ပါက နောက်တဆင့်တက်ဖို့ တခြားအုပ်စုမှ တတိယရတဲ့အသင်းတွေရဲ့ ရလာဒ်တွေကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

မြန်မာအသင်းနဲ့ အိန္ဒိယအသင်းတို့ရဲ့ အုပ်စုနောက်ဆုံးပွဲစဥ်ကို  စက်တင်ဘာ ၂၃ ရက်(ယနေ့) မြန်မာစံတော်ချိန် ည ၆ နာရီမှာ ကစားသွားမှာ ဖြစ်ပါတယ်။

Photo.MFF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013