DVB Logo
Home
အားကစား
ပွဲထွက်ခွင့်ရရန် တိုက်ပွဲဝင်ရမည်ဟု  ဂိုးသမားရမ်စ်ဒေးကို ဒေးဗစ်ရာယာ သတိပေး
DVB
·
September 22, 2023
ပွဲထွက်ခွင့်ရရန် တိုက်ပွဲဝင်ရမည်ဟု  ဂိုးသမားရမ်စ်ဒေးကို ဒေးဗစ်ရာယာ သတိပေး
Donate to DVB

အသင်းဖော်ဂိုးသမား အာရွန်ရမ်စ်ဒေးအနေနဲ့ ပွဲထွက်ခွင့်ရဖို့ တိုက်ပွဲဝင်ရလိမ့်မယ်လို့  အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာက ပြောသွားပါတယ်။

စပိန်ဂိုးသမား ရာယာဟာ အာဆင်နယ်အသင်းရဲ့ နောက်ဆုံးနှစ်ပွဲဆက်တိုက် ပွဲထွက်ခွင့်ရရှိခဲ့ပြီး အဲဒီနှစ်ပွဲစလုံးမှာ ပေးဂိုးမရှိအောင်စွမ်း ဆောင်နိုင်ခဲ့တာပါ။

ပီအက်စ်ဗွီနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပွဲကစားခဲ့ရတာက အိပ်မက်တစ်ခု အ မှန်တကယ်ဖြစ်လာတာ ဖြစ်ကြောင်း၊ အသင်းဖော်ဂိုးသမား ရမ်စ်ဒေး အနေနဲ့ ပွဲထွက်ခွင့် ပြန်လည်ရရှိဖို့ တိုက်ပွဲဝင်သွားဖို့လိုအပ်ကြောင်း ဂိုးသမားရာယာက ပြောပါတယ်။

ဒါ့အပြင် ပွဲထွက်ခွင့်ရွေးချယ်မှုဟာ  နည်းပြအာတေတာရဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ အာရွန်ရမ်စ်ဒေးလို ဂိုးသမားရှိနေတဲ့အသင်းမှာ ပွဲထွက်ခွင့်ရဖို့ဆိုတာ အလွန်ခက်ခဲပြီး အမြဲတမ်း အဆင်သင့်ဖြစ်နေဖို့ လိုအပ်ကြောင်းလည်း ဂိုးသမားရာယာက ပြောသွားပါတယ်။

အာဆင်နယ်အသင်းဟာ အခုတစ်ပတ် တနင်္ဂနွေနေ့မှာ စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ရင်ဆိုင်ရမှာဖြစ်ပြီး ဘယ်ဂိုးသမားကို ပွဲထွက်စေမလဲဆိုတာ ပွဲနီးမှ သေချာသိရဖို့ရှိပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013