
ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုအတွက် အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာနဲ့ နော်တင်ဟမ်ဂိုးသမား မတ်ဆဲလ်တို့ အပြိုင်ဖြစ်နေပါတယ်။
နောက်ဆုံးပွဲစဉ်မတိုင်ခင်အထိ ဂိုးသမား ၂ ယောက်စလုံးက ပေးဂိုးမရှိတဲ့ပွဲ ၁၃ ပွဲစီ တူညီကြပြီး ရွှေလက်အိတ်ဆုအတွက် အပြိုင်ဖြစ်နေတာပါ။
နောက်ဆုံးပွဲစဉ်မှာ အာဆင်နယ်က တန်းဆင်းသွားရပြီဖြစ်တဲ့ ဆောက်သမ်တန်နဲ့ ကစားရမှာဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်က ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်သွားရမှာပါ။
အသက် ၃၃ နှစ်ရှိ ဘယ်လ်ဂျီယံဂိုးသမား မတ်ဆဲလ်ဟာ ပွဲစဉ် ၃၀ လောက်အထိ ဒေးဗစ်ရာယာအပေါ် အသားစီးရခဲ့ပေမဲ့ နောက်ဆုံး ၇ ပွဲဆက်တိုက် ဂိုးပေးခဲ့ရတာကြောင့် အာဆင်နယ်ဂိုးသမားနဲ့အပြိုင် ဖြစ်လာခဲ့တာပါ။
အာဆင်နယ်အသင်းက စပိန်ဂိုးသမား ရာယာဟာ မနှစ်ကလည်း ရွှေလက်အိတ်ဆု ရရှိခဲ့သူဖြစ်ပြီး နောက်ဆုံးပွဲစဉ်မှာ ဆောက်သမ်တန်နဲ့ တွေ့ဆုံနေလို့ ၂ ရာသီဆက်တိုက် ရွှေလက်အိတ်ဆုရဖို့ အခြေအနေ ကောင်းနေပါတယ်။