DVB Logo
Home
နိုင်ငံတကာ
ထိုင်းတောင်ပိုင်းတွင် တရားမဝင်အလုပ်သမား ၁၂ ဦးနှင့် ထိုင်း ၅ ဦး ဖမ်းဆီးခံရ
DVB
·
September 21, 2023
ထိုင်းတောင်ပိုင်းတွင် တရားမဝင်အလုပ်သမား ၁၂ ဦးနှင့် ထိုင်း ၅ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်ထဲမှာ စက်တင်ဘာ ၂၀ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၁၂ ဦးနဲ့ သူတို့ကို သယ်ဆောင်လာတဲ့ ထိုင်းလူမျိုး ၅ ဦးတို့ကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်ကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမဝင် အလုပ်သမားတွေ ဝင်ရောက်လာမယ့်အကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် ဆုန်ခလာခရိုင် လဝက ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဟာ မသင်္ကာဖွယ်ကားတွေကို နောက်ယောင်ခံလိုက်ရင်း ရတ်တဖုန်းမြို့နယ် ခုဟာတိုအုပ်စုရှိ ဓာတ်ဆီဆိုင်တဆိုင်မှာ ရပ်နားနေတဲ့ ကား ၃ စီးကို ဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးချက်အရ မီးခိုးရောင် တိုယိုတာကားတစီးမှာ အရှေ့က လမ်းကြောင်းပြကားဖြစ်ပြီး ဒုတိယ မီးခိုးရောင် မာစဒါကားမှာ တရားမဝင် အလုပ်သမား ၁၂ ဦး သယ်ဆောင်ကာ တတိယ တိုယိုတာဟိုင်းလပ်စ်ကားမှာတော့ အဆိုပါအလုပ်သမားတွေကို နောက်ထပ် တနေရာ ခေါ်သွားဖို့ လာကြိုတာလို့ ဆိုပါတယ်။

ကားမောင်းသူတွေအားလုံးဟာ ထိုင်းအမျိုးသား ၃ ဦး အမျိုးသမီး ၂ ဦးတို့ဖြစ်ပြီး အဆိုပါ အလုပ်သမားတွေကို ဆုန်ခလာခရိုင် ပန်ကလမ့်မြို့ တောစပ်ကနေ ခေါ်ဆောင်လာကာ ပတ္တနီခရိုင်ကို ဆက်လက်ပို့ပေးဖို့ဖြစ်ကြောင်း၊ ပို့ခအနေနဲ့ တဦးစာအတွက် ဘတ် ၆,၀၀၀ စီ ရတယ်လို့ ဆိုပါတယ်။

အဆိုပါအလုပ်သမားတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်ပြီး မလေးရှားနိုင်ငံကို ဆက်သွားဖို့ဖြစ်ကြောင်း၊ မလေးရှားအရောက် ပွဲစားကို တဦး ဘတ် ၁၃၀,၀၀၀ စီပေးရကာ ကမ္ဘောဒီးယားနယ်စပ် တောလမ်းကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတယ်လို့ ဝန်ခံသွားပါတယ်။

တာဝန်ရှိသူတွေက သူတို့အားလုံးကို လဝကဥပဒေနဲ့ အရေးယူဖို့ ဆုန်ခလာ လဝကရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ကိုးကား - mgronline

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013