DVB Logo
Home
နိုင်ငံတကာ
အာဂျင်တီးနား လျှို့ဝှက်ထိန်းသိမ်းရေးစခန်းဟောင်းကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်
DVB
·
September 20, 2023
အာဂျင်တီးနား လျှို့ဝှက်ထိန်းသိမ်းရေးစခန်းဟောင်းကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်
Donate to DVB

အာဂျင်တီးနားနိုင်ငံရဲ့ နောက်ဆုံးစစ်အာဏာရှင်စနစ် (၁၉၇၆-၁၉၈၃) အတွင်း အသုံးပြုခဲ့တဲ့ လျှို့ဝှက်ထိန်းသိမ်းရေးစခန်းဟောင်း ESMA ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် စက်တင်ဘာ ၁၉ ရက်က ကြေညာခဲ့ပါတယ်။

ရေတပ်ရဲ့ စက်မှုအထက်တန်းကျောင်းဟောင်း ESMA ဟာ သွေးစွန်းတဲ့ စစ်အစိုးရလက်ထက်အတွင်း အာဂျင်တီးနားမှာ အကြီးဆုံး ထိန်းသိမ်းရေးနဲ့ ညှဉ်းပန်းနှိပ်စက်မှုစင်တာ ဖြစ်လာခဲ့ပြီး လူပေါင်း ၃၀,၀၀၀ နီးပါး ပျောက်ဆုံးနေကြောင်း လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။

အာဂျင်တီးနားသမ္မတ အယ်လ်ဘတ်တို ဖာနန်ဒက်ဇ်က “ရေတပ် စက်မှုကျောင်းမှာ အဆိုးဝါးဆုံး နိုင်ငံတော်အကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ရတယ်။ အဲဒီနှစ်တွေမှာ အာဂျင်တီးနားက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေ အဖမ်းခံခဲ့ရပြီး အားလုံးနီးပါးက နှိပ်စက်ညှဉ်းပန်းခံရတယ်၊ တချို့လည်း သေကုန်ကြတယ်။ အများအပြား ပြည်ပြေးဘဝနဲ့ အဆုံးသတ်သွားရပြီး အများအပြား သတ်ဖြတ်ခံခဲ့ရပြီးတော့ ကမ္ဘာမြေပြင်မှ ပျောက်ကွယ်သွားခဲ့ရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ အဲဒီအဆောက်အအုံဟာ ESMA လျှို့ဝှက်ထိန်းသိမ်းရေးစခန်းဟောင်း၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ သုတ်သင်ရှင်းလင်းရေးစင်တာ ပြတိုက်နဲ့ အမှတ်တရနေရာတခုအဖြစ် ရှိနေပြီး အခုတော့ ယူနက်စကို စာရင်းထဲမှာ ထည့်သွင်းခံထားရပါပြီ။

ဒီနေရာကို သမိုင်းဝင် အမွေအနှစ်နေရာအဖြစ် ထည့်သွင်းခံရတဲ့အတွက် သူ့အနေနဲ့ ကျေးဇူးတင်ရှိကြောင်း သမ္မတ အယ်လ်ဘတ်တို ဖာနန်ဒက်ဇ်က ပြောပါတယ်။

အာဂျင်တီးနားနိုင်ငံရဲ့ ဒီမိုကရေစီ နှစ်ပေါင်း ၄၀ ရှိချိန်မှာ ယူနက်စကိုက သမိုင်းဝင်နေရာအဖြစ် ကြေညာလိုက်တဲ့ အမှတ်တရမှာလည်း သမိုင်းကို မေ့ဖျောက်ပစ်လို့ မရကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013