DVB Logo
Home
မြန်မာသတင်း
တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တောက်ထွန်းကို ရာထူးမှဖယ်ရှား 
DVB
·
September 19, 2023
တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တောက်ထွန်းကို ရာထူးမှဖယ်ရှား 
Donate to DVB

တပ်သားသစ်စုဆောင်းရာမှာ ရာနှုန်းပြည့်မီခြင်းမရှိတဲ့အတွက် တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တောက်ထွန်းကို တာဝန်မှဖယ်ရှားကာ ဗိုလ်မှူးချုပ်ကျော်ကျော်ဦးကို ဗိုလ်ချုပ်အဆင့်တိုးမြှင့်ကာ ခန့်ထားလိုက်တယ်လို့ စစ်ရာထူးခန့်ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တိုက်ရိုက်ကွပ်ကွဲထားတဲ့ တပ်အင်အားဖြည့်တင်းရေးတပ် ညွှန်ကြားရေးမှုး ဗိုလ်ချုပ်တောက်ထွန်း လက်အောက်ခံ စစ်သားစုဆောင်းရေးတပ်များရဲ့ တိုင်စာကိစွများကြောင့် ရာထူးမှ ဖယ်ရှားလိုက်တာလို့ စစ်ရာထူးခန့်ရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"စုဆောင်းရေးနဲ့ ပတ်သက်ပြီး ငွေကြေးကိစွတွေ၊ ဂျပန်သွားရမယ်ဆိုပြီး လိမ်ခေါ်တဲ့ကိစွတွေ၊ ဖမ်းဆီးပြီးတပ်ထဲ ထည့်တဲ့ကိစွတွေကြောင့် အရပ်ဘက်ကိုပို့လိုက်တာ။" 

ဗိုလ်ချုပ်တောက်ထွန်းနေရာမှာ ဗိုလ်မှူးချုပ်ကျော်ကျော်ဦးကို ဗိုလ်ချုပ်အဆင့် ရာထူးတိုးမြှင့်ကာ တပ်အင်အားဖြည့်တင်းရေးတပ် ညွှန်ကြားရေးမှူးတာဝန်ကို ပေးအပ်ခဲ့တယ်လို့ စစ်သားစုဆောင်းရေးတပ်မှ အမည်မဖော်လိုသူအရာရှိတဦးက ပြောပါတယ်။

"သူက ရခိုင်လေဘေးတုန်းက ဒုဗိုလ်ချုပ်ကြီးလူအေးတို့၊ ဒုဗိုလ်ချုပ်ကြီးအေးဝင်းတို့အတူ တာဝန်ထမ်းဆောင်ခဲ့တာ။ ဗိုလ်ချုပ်တောက်ထွန်းကို စစ်ဆေးနေချိန်မှာ ဗိုလ်မှူးချုပ်ကျော်ကျော်ဦးကို ခန့်မယ်ဆိုတာ သတင်းကထွက်ပြီးသား။" 

ရာထူးမှဖယ်ရှားခံရတဲ့ ဗိုလ်ချုပ်တောက်ထွန်းဟာ ၂၀၁၀ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့၂၀၁၅ NLD အစိုးရလက်ထက်မှာ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပါတယ်။

တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး လက်အောက်ရှိ တပ်တွေမှာ အမှတ် ၁၊ အမှတ် ၂၊ အမှတ်၊ အမှတ် ၃၊ အမှတ် ၄ တပ်မတော်စစ်သားစုဆောင်းရေးတပ်တို့ရှိပြီး တနှစ်ကို တပ်သားသစ် ၅၀၀ ရှာဖွေပေးရတာ ဖြစ်ပါတယ်။

ဒါ့အပြင် တပ်မတော်စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး (မော်လမြိုင်)၊ တပ်မတော် စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး (မြိတ်)၊ တပ်မတော်စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး (မင်္ဂလာဒုံ)၊ တပ်မတော်စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး (ပုသိမ်) စတဲ့ နယ်လှည့်စုဆောင်းရေးတပ်တွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013