DVB Logo
Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး တပ်ရင်းမှူးအပါအဝင် ၁၀ ဦးသေဆုံး
DVB
·
September 19, 2023
ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး တပ်ရင်းမှူးအပါအဝင် ၁၀ ဦးသေဆုံး
Donate to DVB

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာဆီ စစ်ကြောင်းထိုးချီတက်လာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတယောက် အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီ တပ်မ ၄၄ ၊ တပ်မ ၂၂  နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) အပါအဝင် အင်အား ၇၀ ဝန်းကျင်လောက်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) 9903 နဂါးနီစစ်ကြောင်းတို့က ပိတ်ဆို့တိုက်ခိုက်ခဲ့ကြတာပါ။

အဲဒီနေ့မနက် ၇ နာရီ ၁၅ မိနစ် လောက်က  တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ၁၀ နာရီခွဲလောက်မှာ ပြီး ဆုံးခဲ့ကာ စစ်ကောင်စီတပ်တွေဘက်က လွန်စွာအထိနာပြီးတော့ ပြန်လည်ဆုတ်ခွာသွား ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဘက်က Mi-35 ရဟတ်ယာဉ်နဲ့ နာရီဝက်နီးပါး လာ ရောက်ပစ်ခတ်တဲ့အပြင် အဘစ်ရွာ အမြောက်တပ်ကလည်း ၁၂၂ မမ ဟောင်ဝစ်ဇာနဲ့ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က ဒုတိယဗိုလ်မှူးကြီး ကတော့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ပစ်ခတ်တဲ့ စနိုက်ပါကျည်နဲ့ သေဆုံးခဲ့ပြီး  BGF တပ်ခွဲမှူး အပါအဝင် တပ်ဖွဲ့ဝင်  ၁၀ ယောက်ထက်မနည်း သေဆုံးကာ ၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) 9903 နဂါးနီစစ်ကြောင်းက ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအနှံ့ တိုက်ပွဲအကြိမ်ရေ ၉,၉၀၀ လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၂ ရာခိုင်နှုန်းကျော်ပမာဏဖြစ်တဲ့ အယောက်   ၃၀,၀၀၀ လောက်ထိ ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013