
လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းရဲ့လူစာရင်းက မန်စီးတီးနဲ့ အာဆင်နယ်ကို စိန်ခေါ်နိုင်မှာမဟုတ်ကြောင်း နောက်ခံလူ ဟောင်းဂယ်ရီနဗီးလ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၂ ပွဲနိုင်ပွဲ ၃ ပွဲရှုံးရ လဒ်ထွက်ပေါ်ခဲ့ပြီးနောက် အသင်းရဲ့ အခြေအနေအပေါ် နဗီးလ်က အားမလိုအားမရဖြစ်ခဲ့တာပါ။
မန်ယူနိုက်တက်အသင်းအနေနဲ့ သူတို့ဝယ်ယူထားတဲ့ကစားသမားစာရင်းအရ မန်စီးတီးနဲ့ အာဆင်နယ်ကို စိန်ခေါ်နိုင်မယ်လို့ တစ်စက္ကန့်လေးတောင် မတွေးခဲ့ဖူးကြောင်း၊ ဟယ်ရီကိန်းလို တိုက်စစ်မှူးနဲ့ ဒက်ကလန်ရိုက်စ်လို ကစားသမားမျိုးတွေကို ခေါ်ယူဖို့ လိုအပ်နေကြောင်း နဗီးလ်က ပြောပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ပေါင် ၁၈၃ သန်း အထိ အသုံးပြုခဲ့ပေမဲ့ လုံလောက်တဲ့ ခေါ်ယူအားဖြည့်မှုမျိုးမဟုတ်သေးကြောင်း နဗီးလ်က ပြောသွားပါတယ်။
Photo-Reuters










