
မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆုဖလားတစ်လုံးရယူနိုင်ခဲ့တာကလွဲပြီးဘာမှ မစွမ်းဆောင်နိုင်သေးကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
မန်စီတီးအသင်းဟာ မနှစ်ကပြိုင်ပွဲမှာ အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဆုဖလားရယူနိုင်ခဲ့ပါတယ်။
အခုနှစ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံအသင်းအနေနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပေမဲ့ စီးတီးအနေနဲ့ ချန်ပီယံလိဂ်မှာ ထူးခြားတဲ့စွမ်းဆောင်ရည်တွေ ပြသနိုင်ခြင်းမရှိသေးကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
ဒါပေမဲ့ ပထမဆုံး အကြိမ်ချန်ပီယံဖြစ်ဖို့က အခက်ခဲဆုံးအလုပ်ဖြစ်ပြီး ချန်ပီယံထပ်ဖြစ်ဖို့က ပိုမိုလွယ်ကူသွားမှာဖြစ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဒီတစ်ပတ် စက်တင်ဘာ ၂၀ ရက်မှာ ဆားဘီးယားကလပ် ဇာဗီဒါအသင်းကို အိမ်ကွင်းမှာ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။
Photo-Reuters










