DVB Logo
Home
နိုင်ငံတကာ
မင်းသမီး ဒိုင်ယာနာ၏ သိုးမည်းအင်္ကျီကို ကန်ဒေါ်လာ ၁ ဒသမ ၁၄၃ သန်းဖြင့် ရောင်းချ
DVB
·
September 18, 2023
မင်းသမီး ဒိုင်ယာနာ၏ သိုးမည်းအင်္ကျီကို ကန်ဒေါ်လာ ၁ ဒသမ ၁၄၃ သန်းဖြင့် ရောင်းချ
Donate to DVB

ကွယ်လွန်သူ မင်းသမီး ဒိုင်ယာနာ ဝတ်ဆင်ခဲ့တဲ့ သိုးမည်း ဆွယ်တာအင်္ကျီဟာ  Sotheby ရဲ့ လေလံပွဲမှာ ခန့်မှန်းရောင်းဈေး ဒေါ်လာ ၈၀,၀၀၀ ကို ကျော်လွန်ပြီး  ကမ္ဘာ့စျေးအကြီးဆုံး ဆွယ်တာအင်္ကျီအဖြစ် ဒေါ်လာ ၁ ဒသမ ၁၄၃ သန်းနဲ့ ရောင်းချခဲ့ပါတယ်။

၁၉၈၁ ခုနှစ်တုန်းက ချားလ်မင်းသား (လက်ရှိချားလ်ဘုရင်) ရဲ့  ပိုလိုပြိုင်ပွဲတခုမှာ  အဲ့ဒီသိုးမွှေးဆွယ်တာအင်္ကျီကို ဒိုင်ယာနာ၀တ်ဆင်ပြီးနောက် ဖက်ရှင်လိုင်း Warm & Wonderful ဟာ ရောင်းအားတက်လာတယ်လို့  ဒီဇိုင်နာတွေဖြစ်တဲ့ ဆယ်လီမူရီနဲ့ ဂျိုအာနာအော့စ်ဘွန်းတို့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတုန်းက မင်းသားဖြစ်ခဲ့တဲ့  ချားလ်စ်နဲ့ ဒိုင်ယာနာတို့ဟာ စေ့စပ်ပြီးခါစအချိန်ဖြစ်ပြီး မူရင်းဆွယ်တာအင်္ကျီ ပျက်စီးသွားပြီးနောက် မင်းသမီးဟာ အစားထိုးလဲလှယ်ပေးဖို့ ဒီဇိုင်နာတွေကို တောင်းဆိုခဲ့တာကြောင့် ၁၉၈၃ ခုနှစ်မှာ နောက်ထပ်ပိုလိုပွဲတပွဲအတွက် ပေးပို့ခဲ့ပြီး နောက်ပိုင်းမှာ ဒိုင်ယာနာရဲ့ အတွင်းရေးမှူး အိုလီဗာ အဲဗာရတ်ထံမှ ကျေးဇူးတင်လွှာတစ်စောင်ကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

၁၉၉၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ မင်းသမီး ဒိုင်ယာနာဟာ  ဖက်ရှင်အိုင်ကွန်အဖြစ် သတ်မှတ်ခံခဲ့ရပြီး သူနဲ့  ချားလ်မင်းသားတို့ ကွာရှင်းပြီးနောက် သူမဝတ်ဆင်ခဲ့တဲ့ဝတ်စုံအများစုဟာ  "လက်စားချေဝတ်စုံ" လိုမျိုး ကျော်ကြားလာခဲ့ပြီး သိုးမည်းဆွယ်တာအင်္ကျီက တော်ဝင်မိသားစုမှာ ဒိုင်ယာနာရဲ့ခံစားချက်ကို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်နိုင်ပါတယ်။

သိုးမည်းဆွယ်တာအင်္ကျီနဲ့ ၁၉၈၅ ခုနှစ်မှာ ဒိုင်ယာနာ ဝတ်ဆင်ခဲ့တဲ့ ညနေခင်းဂါဝန်ဟာ  အမေရိကန်အခြေစိုက်ကမ္ဘာကျော်လေလံကုမ္ပဏီကြီးဖြစ်တဲ့  Sotheby ရဲ့  "Fashion Icons" လေလံပွဲရဲ့ တစိတ်တပိုင်းဖြစ်ပြီး မစ်ချဲလ်အိုဘားမား ဝတ်ဆင်ထားတဲ့ ၀တ်စုံ၊ ဆာရာဂျက်ဆီကာပါကာဝတ်ဆင်တဲ့ ခေါင်းစွပ်နဲ့ မက်ဒေါနား ဝတ်ဆင်ထားတဲ့ အဝတ်တွေကိုလည်း ပြသထားပါတယ်။

Source -CBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013