
အင်္ဂလန်ကစားသမား မေဆန်ဂရင်းဝုဒ်ဟာ အိုဆာဆူနာအသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ ဂီတာဖေး အသင်းအတွက် ပွဲဦးထွက်ပွဲစဉ်အဖြစ် ဝင်ရောက်ကစားခဲ့ပါတယ်။
ဂရင်းဝုဒ်ဟာ ၂ ဂိုးစီသရေကျနေတဲ့အချိန်၊ ပွဲချိန် ၇၇ မိနစ်မှာ တိုက်စစ်မှူး ဟွမ်မီလာတာဆာရဲ့ နေရာမှာ လူစားဝင်ကစားခဲ့တာပါ။
ဂရင်းဝုဒ်ဝင်လာပြီး ၉ မိနစ်အကြာမှာပဲ ဂီတာဖေးအသင်းက အနိုင်ဂိုးရခဲ့ပြီး ကွင်းလယ်လူ မက်စီမိုဗစ်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ အဲဒီဂိုးဟာ ဂရင်းဝုဒ်ကြောင့်ရရှိတဲ့ ထောင့်ကန်ဘောကနေ သွင်းဂိုးရရှိခဲ့တာပါ။
ဂရင်းဝုဒ်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ပရော်ဖက်ရှင်နယ်ပွဲစဉ် နောက်ဆုံး ကစားခဲ့တာပါ။ အိုဆာဆူနာနဲ့ပွဲစဉ်မှာ ဂရင်းဝုဒ်က ၁၃ မိနစ် ကစားခဲ့ပြီး ဘောလုံးထိချက် ၁၂ ကြိမ်၊ ကန်သွင်းချက် တစ်ကြိမ်နဲ့ ဘောလုံးပြန်လည်ဆယ်ယူမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။
ဂရင်းဝုဒ် လူစားဝင်ကစားချိန်မှာ ဂီတာဖေးပရိသတ်တွေက အားပေးခဲ့ကြပေမဲ့ အိုဆာဆူနာ ပရိသတ်တချို့ကတော့ သွေးပူလေ့ကျင့်ခန်းလုပ်ချိန်မှာ အော်ဟစ် လှောင်ပြောင်ခဲ့ကြပါတယ်။
Photo-Reuters










