DVB Logo
Home
နိုင်ငံတကာ
သမ္မတဂျိုးဘိုင်ဒင်နှင့် ကမ္ဘာ့ခေါင်းဆောင်များတွေ့ဆုံ ဆွေးနွေးမည်
DVB
·
September 17, 2023
သမ္မတဂျိုးဘိုင်ဒင်နှင့် ကမ္ဘာ့ခေါင်းဆောင်များတွေ့ဆုံ ဆွေးနွေးမည်
Donate to DVB

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ လာမယ့်သီတင်းပတ်အတွင်း အာရှအလယ်ပိုင်း ၅ နိုင်ငံက သမ္မတတွေ၊ ဘရာဇီးသမ္မတ လူးဝစ်ဇ်လူလာဒါ ဆီလ်ဗာ၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု တို့အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။

ရာသီဥတုဖောက်ပြန်မှု၊ ယူကရိန်းစစ်ပွဲနဲ့ လုံခြုံရေးအပါအဝင် ပြဿနာတွေ အများကြီးကို ဘိုင်ဒန်က ဆွေးနွေးမယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလေဗန်က  လာမယ့်အပတ် ကုလသမဂ္ဂမှာကျင်းပမယ့် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမတိုင်ခင် စက်တင်ဘာ ၁၅ ရက်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က “ရုရှားဟာ အလွန်အမင်း အကျပ်အတည်းဖြစ်နေတဲ့အချိန် သေချာပေါက်ရောက်လာမှာပါ။ ယူကရိန်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲအတွက် မြောက်ကိုရီးယားလို နိုင်ငံတွေဆီ ကနေ အကူအညီ တောင်းနေရတယ်။ ယူကရိန်းတပ်ဖွဲ့တွေက သူတို့ရဲ့ တန်ပြန်ထိုးစစ်မှာ တိုးတက်နေ ပါတယ်”လို့ပြောပါတယ်။

ဥရောပမှာရှိတဲ့ ဒါဇင်နဲ့ချီတဲ့ မဟာမိတ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံပြီး  အခုလို ပြောဆိုလိုက်တာဖြစ်ပြီး ယူကရိန်းကာကွယ်ရေးနဲ့ ဆက်သွယ်တဲ့အဖွဲ့ အစည်းအဝေးအပြီး လာမယ့်အပတ်မှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို ကူညီဖို့ လက်နက်နဲ့ ကိရိယာတွေ ထောက်ပံ့ပေးဖို့ ဆက်လက်ညှိနှိုင်းနေပါတယ်လို့ ဆူလေဗန်က ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013