DVB Logo
Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်လေးပင်ခရိုင်က ပြည်သူ ၅၃၀၀ ခန့် ထွက်ပြေးနေရ
DVB
·
September 15, 2023
လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်လေးပင်ခရိုင်က ပြည်သူ ၅၃၀၀ ခန့် ထွက်ပြေးနေရ
Donate to DVB

စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာ ၆  ရွာနေ  ဒေသခံ ပြည်သူ ၅၃၀၀ နီးပါးဟာ အသက်ဘေး လွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူ-ဗဟိုက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၄ ရက် မနေ့မနက် ၁၀ နာရီ မိနစ် ၄၀ လောက်မှာ ညောင်လေးပင်ခရိုင် ကေအန်ယူ တပ်မဟာ (၃)၊ မူး(မုန်း)မြို့နယ်ထဲက ဟော်ခိုဂေါ၊ မယ်တလင်နဲ့ ဆင်းပုလဲ ကျေးရွာတွေထဲကို စစ်ကောင်စီလေတပ်က တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ် ၃ စီးနဲ့ ၁၃ ကြိမ်လောက် ပစ်ခတ်သွားခဲ့တာဖြစ်ပြီး လူတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အဦတွေ ပျက်စီးဆုံးရှုံးမှုတွေ ရှိပေမဲ့ ကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲထားတာကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းအတိအကျကိုတော့ မရနိုင်သေးဘူးလို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟောခိုဂေါ၊ ဝိုင်းကြီး၊ ဆင်းပုလဲ၊ လူအ၊ မယ်တလင်နဲ့ ထွာနီကုန်းစတဲ့ ကျေးရွာ ၆ ခုက အိမ်ခြေ ၉၅၀ နီးပါး နေရပ်စွန့်ခွာပြီး အသက်ဘေးလွတ်ရာနေရာဒေသတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ စစ်ဘေးနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်း အမိုးအကာစတဲ့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ပြင်းထန်တဲ့တိုက်ပွဲတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတို့မှာ လူပေါင်း ၅၀၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး အများအပြားမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ ထပ်မံဖြစ်ပေါ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း ဆက်လက် မြင့်တက်နေတယ်လို့ ဆိုပါတယ်။

အချိန်နဲ့အမျှပြောင်းလဲနေတဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ပဋိပက္ခဒဏ်သင့်တဲ့ ဒေသခံတွေရဲ့ ရွှေ့ပြောင်းသွားလာရတာတွေဟာ အတည်တကျရှိမနေသလို တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းက စတင်ခဲ့တဲ့ မုတ်သုံမိုးကြီးမှုနဲ့ ရေကြီးရေလျှံတာတွေကြောင့် ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ လူပေါင်း ၈၀၀၀၀ လောက် ဘေးလွတ်ရာ နေရာတွေဆီ ရွှေ့ပြောင်းခဲ့ရတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013