DVB Logo
Home
အားကစား
ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားစာရင်းတွင် မန်ယူ ထိပ်ဆုံးကနေ ဦးဆောင်
DVB
·
September 14, 2023
ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားစာရင်းတွင် မန်ယူ ထိပ်ဆုံးကနေ ဦးဆောင်
Donate to DVB

ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားစာရင်းမှာ မန်ယူအသင်းက ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ CIES လို့ခေါ်တဲ့ နိုင်ငံတကာ အားကစားလေ့လာရေးစင်တာရဲ့ လေ့လာတွက်ချက်မှုမရ သိရပါတယ်။

စက်တင်ဘာ ၁၃ ရက်က ထုတ်ပြန်ခဲ့တဲ့ CIES ရဲ့ ထုတ်ပြန်ချက်အရ မန်ယူအသင်းလူစာရင်းက စုစုပေါင်း ပေါင် ၉၈၉ သန်း တန်ဖိုးရှိပြီး အဆင့်တစ် နေရာမှာ ရပ်တည်ခဲ့တာပါ။

CIES ဟာ ကစားသမားတစ်ဦး ရရှိနိုင်တဲ့ ထပ်ဆောင်းအပိုဆုကြေးကိုပါ ထည့်သွင်းတွက်ချက်ခဲ့တာပါ။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကတ်စမီရို၊ မာတီနက်ဇ်၊  အန်တိုနီ အစရှိတဲ့ ကစားသမားတွေကို ဈေးကြီးပေးကာ ဝယ်ယူခဲ့ပြီး အခုနှစ်မှာလည်း မေဆန်မောင့်၊ အိုနာနာ တို့အပါအဝင် ဒိန်းမတ်တိုက်စစ်မှူး ဟွိုက်လန်းကိုလည်း ပေါင်သန်း ၇၀ ကျော်သုံးပြီး ဝယ်ယူခဲ့တာပါ။

မန်ယူအသင်းရဲ့နောက်မှာ ချဲလ်ဆီးက  ပေါင် ၈၇၅ သန်းနဲ့ အဆင့် ၂ နေရာ၊ မန်စီးတီးက ပေါင် ၈၉၆ သန်းနဲ့ အဆင့် ၃ နေရာ၊ ပီအက်စ်ဂျီက ပေါင်သန်း ၈၆၀ နဲ့ အဆင့် ၄ နေရာ၊ အာဆင်နယ်က ပေါင် ၇၁၈ သန်းနဲ့ အဆင့် ၅ နေရာတွေမှာ အသီးသီး ရပ်တည်ပါတယ်။

ဈေးအကြီးဆုံးလူစာရင်း ၁၀ သင်းမှာ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့သာ အင်္ဂလန်ပြင်ပအသင်းတွေအဖြစ် ပါဝင်ပြီး ထိပ်ဆုံး ၁၀ သင်းမှာ အင်္ဂလန်ကလပ်က ၈ သင်းအထိ ရှိခဲ့ပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013