DVB Logo
Home
အားကစား
မက်ဂွဲယားအပေါ်  ဝေဖန်ပြစ်တင်သူများအား နည်းပြဆောက်ဂိတ် ဝေဖန်
DVB
·
September 14, 2023
မက်ဂွဲယားအပေါ်  ဝေဖန်ပြစ်တင်သူများအား နည်းပြဆောက်ဂိတ် ဝေဖန်
Donate to DVB

နောက်ခံလူ မက်ဂွဲယားကို ဝေဖန်ပြစ်တင်တဲ့သူတွေကို အင်္ဂလန်နည်းပြဆောက်ဂိတ်က ပြန်လည် ဝေဖန် ပြောကြားလိုက်ပါတယ်။

အင်္ဂလန်နောက်ခံလူဟာ စကော့တလန်အသင်းနဲ့ပွဲစဉ်မှာ ဒုတိယပိုင်းမှာ လူစား ဝင်ကစားခဲ့ပြီး ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာပါ။

မန်ယူအသင်းမှာ အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရသလို ပွဲထွက်လည်း ပျောက်ဆုံးခဲ့တဲ့ မက်ဂွဲယားကို ဘောလုံး သုံးသပ်သူတွေအပြင် အသင်းပရိသတ်တွေကပါ ဝေဖန်ခဲ့ကြတာပါ။

နည်းပြဆောက်ဂိတ်ကတော့ မက်ဂွဲယားဟာ သမိုင်းတလျှောက် ဒုတိယအအောင်မြင်ဆုံးကာလမှာ အင်္ဂလန်အသင်းရဲ့ အရေးပါတဲ့ ကစားသမားဖြစ်ပြီး ဝေဖန်သူတွေဟာ ရူးမိုက်တဲ့သူတွေ ဖြစ်တယ်လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။

“ကျနော်တို့ဟာ ကိုယ့်ရဲ့ကစားသမားကို ခက်ခဲအောင် လုပ်ဆောင်နေကြတယ်။ တချို့သော မီဒီယာတွေမှာ ရေးနေတဲ့ ဆောင်းပါးတွေနဲ့ မှတ်ချက်စကားတွေဟာ လုံးဝရယ်စရာကောင်းပါတယ်” လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။

မက်ဂွဲယား ဘောလုံးထိတိုင်း စကော့တလန်ပရိသတ်တွေကလည်း လှောင်ပြောင်ကြတာကို နည်းပြ ဆောက်ဂိတ်က နားလည်လက်ခံပေမဲ့ ကိုယ့်အသင်းဘက်က လူတွေအနေနဲ့တော့ အခက်အခဲဖြစ်အောင် မလုပ်သင့်ကြောင်း နည်းပြဆောက်ဂိတ်က ပြောသွားပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013