
အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာ ရီးရဲလ်မက်ဒရစ်နောက်ခံလူ အာနိုးလ်နဲ့ မန်ယူနောက်ခံလူ မက်ဂွဲယားတို့ကို မရွေးချယ်ဘဲ ချန်လှပ်ခံခဲ့ရပါတယ်။
လာလီဂါပွဲစဉ် ၂ မှာ ကာဗာဟယ်ကို ပွဲထွက်ပြီး အာနိုးလ်က အရန်ကစားသမားဖြစ်ခဲ့ပြီးနောက်မှာ နည်းပြတူဟယ်က ချန်လှပ်ဖို့ဆုံးဖြတ်ခဲ့တာပါ။
ညာနောက်ခံလူနေရာအတွက် ချဲလ်ဆီးက ရိစ်ဂျိမ်းစ်အပါအဝင် နယူးကာဆယ်က လစ်ဗရာမန်တိုနဲ့ စပါးက စပန့်စ်တို့ကို ရွေးချယ်ခဲ့ပြီး အားနိုးလ်ကိုတော့ ချန်လှပ်ခဲ့တာပါ။
ညာနောက်ခံလူနေရာအတွက်ပြိုင်ဆိုင်မှု ဆက်လက်ရှိနေမှာဖြစ်ပြီး အပြောင်းအလဲ အမြဲတမ်းဖြစ်နိုင်ကြောင်း နည်းပြတူဟယ်ကပြောပါတယ်။
နောက်ခံလူ မက်ဂွဲယား အပါအဝင် ဂယ်လဟာ၊ ကိုင်ဝေါ်ကာ၊ ကာတစ်ဂျုံးစ်တို့လည်း ချန်လှပ်ခံခဲ့ရပြီး ဆာကာ၊ ပါလ်မာနဲ့ ဘယ်လင်ဂမ်တို့ကတော့ဒဏ်ရာပြဿနာကြောင့် ပါဝင်ခြင်း မရှိခဲ့တာပါ။
အန်ဒါဆန်၊ အဒမ်ဝါတန်တို့လို လူငယ်သွေးသစ်တွေကို ရွေးချယ်ခဲ့သလို ရက်ရှ်ဖို့ဒ်နဲ့ ဟန်ဒါဆန်တို့လို ဝါရင့်ကစားသမားတွေကိုလည်း ပြန်လည်ရွေးချယ်ခဲ့ ပါတယ်။
Photo: Reuters










