DVB Logo
Home
အားကစား
မန်ယူ နောက်ခံလူ မက်ဂွဲယား စာချုပ်သစ် ချုပ်ဆိုရန် နီးစပ်နေ 
DVB
·
March 26, 2026
Photo: Action Images via Reuters/Jason Cairnduff
Photo: Action Images via Reuters/Jason Cairnduff
Donate to DVB

မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဟယ်ရီမက်ဂွဲယားဟာ အသင်းနဲ့ တနှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို အလွန်နီးစပ်နေပါတယ်။ 

စာချုပ်သစ်မှာလည်း နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့် ပါဝင်လာမယ်လို့ ဆိုပါတယ်။ အသက် ၃၃ နှစ်အရွယ် နောက်ခံလူဟာ အသင်းမှာ သံယောဇဥ်သက်သက်ကြောင့်နဲ့ ဆက်မနေလိုဘဲ အသင်းအတွက် အမှန်တကယ် အသုံးဝင်သူအဖြစ်သာ ဆက်ရှိလိုကြောင်း ပြောထားသူပါ။

ဇန်နဝါရီလမှာ နည်းပြသစ် မိုက်ကယ်ကာရစ် ရောက်ရှိလာပြီးနောက်  ခံစစ် ၄ ယောက်တန်းစနစ်ကို ပြောင်းလဲခဲ့ရာ မက်ဂွဲယားက ပုံစံကောင်းများ ပြန်လည်ရရှိလာပြီး ပွဲထွက်ခွင့် ပြန်လည်ရရှိခဲ့ပါတယ်။  

ပုံစံကောင်း ပြသနိုင်မှုကြောင့် နည်းပြ သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ပြန်လည်ရွေးချယ်ခံရပြီး လာမဲ့ကမ္ဘာ့ဖလားအတွက် မျှော်လင့်ချက် ပြန်လည်ရှင်သန်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013