Home
ရုပ်သံ
ကနောင်စစ်ဆင်ရေးမှတ်တမ်းရုပ်သံ NUG ထုတ်ပြန်၊ စစ်ရေးတင်းမာနေဆဲဖြစ် (ရုပ်သံ)
DVB
·
September 13, 2023

အရာရှိအဆင့်တွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၈၀ ကျော် သေဆုံးခဲ့ရ တဲ့ ကနောင်စစ်ဆင်ရေးမှတ်တမ်းရုပ်သံကို  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီစစ်ဆင်ရေးကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတ ပ်မတော်(မန္တလေး) နဲ့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ပလောင်ပြည်နယ် လွတ် မြောက်ရေးတပ်ဦး(PSLF)၊ အာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ပူးပေါင်းပြီးတော့ ဆင်နွှဲနေကြတာပါ။

ထုတ်ပြန်ချက်ထဲမှာတေ့ စစ်ဆင်ရေးပြုလုပ်ခဲ့တဲ့ နေရာတွေ၊ နေ့ရက်တွေအလိုက် ထုတ်ပြန်ထားခဲ့ကာ ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်ကနေ စက်တင်ဘာ ၁၀ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း ရန်သူ့တပ်သား ၈၂ ယောက် သေဆုံးပြီး ၁၉ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းမီးကျောက်အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေး ဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အတွက် ၂ ယောက် အသက်ပေးလှူခဲ့ရတယ်လို့ NUG အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာလည်း ရန်သူ့တပ်တွေဖြစ်တဲ့ တပ်မ (၉၉) ၊ တပ်မ (၁၀၁) လက် အောက်ခံ (ခလရ ၂၅၂၊ ခလရ ၂၅၇) နဲ့ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၁) လက်အောက်ခံ ခမရ (၅၀၂) တို့ဘက်က အင်အား ၄၀၀ လောက်နဲ့ ထိပ်တိုက်ဆိုင်ထားကာ စစ်ရေးတင်းမာနေတယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024