
မန်ယူအသင်းဟာ ညာတောင်ပံတိုက်စစ်နေရာအတွက် ပီအက်စ်ဗွီနဲ့ လမ်းခွဲခဲ့တဲ့ အယ်လ်ဂါဇီကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။
အက်စတန်ဗီလာ ကစားသမားဟောင်းဟာ ဟော်လန်ကလပ် ပီအက်စ်ဗွီနဲ့ နှစ်ဦး သဘောတူ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်လာခဲ့တာပါ။
အပြောင်းအရွှေ့ ပိတ်သိမ်းခဲ့ပြီးဖြစ်ပေမဲ့ အသင်းလက်မဲ့ဖြစ်နေတဲ့ ကစားသမားတစ်ဦးကို ခေါ်ယူခွင့်ရှိနေတာပါ။
အသက် ၂၈ နှစ်ရှိ ဟော်လန်ကစားသမားဟာ အိုင်းယက်စ်၊ ဗီလာနဲ့ အဲဗာတန်အသင်းတွေမှာ ကစားခဲ့သူ ဖြစ်ပြီး မန်ယူအသင်းက အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကို လာရောက်ကြည့်ရူခဲ့တယ်လို့ သိရပါတယ်။
မန်ယူအသင်းမှာ တောင်ပံတိုက်စစ်ကစားသမားတွေဖြစ်တဲ့ အန်တိုနီနဲ့ ဂျေဒန်ဆန်ချိုတို့က ပြဿနာ ကိုယ်စီရှိနေတာကြောင့် အယ်လ်ဂါဇီကို အရေးပေါ်အခြေအနေအရ ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာပါ။
အယ်လ်ဂါဇီဟာဗီလာနဲ့ ၁၁၉ ပွဲမှာ ၂၆ ဂိုးသွင်းခဲ့ပြီး ပီအက်စ်ဗွီနဲ့ ၃၃ ပွဲမှာ ၉ ဂိုးသွင်းယူခဲ့ပါတယ်။
Photo : Reuters










