
အမေရိကန်ဟာ တရုတ်နိုင်ငံကို အထီးကျန် ဖယ်ကြဉ်ထားချင်စိတ် မရှိပေမဲ့ အင်ဒို-ပစိဖိတ် ဒေသအတွင်း တည်ငြိမ်တဲ့ အခြေစိုက်စခန်းတခုထားဖို့ ရည်ရွယ်ထားတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
စက်တင်ဘာ ၁၀ ရက်က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ သတင်းထောက်တွေနဲ့ စကားပြောချိန် ဘိုင်ဒင်ကပြောကြားခဲ့တာဖြစ်ပြီး “တရုတ်ဟာ ကစားပွဲရဲ့ စည်းမျဉ်းတချို့ကို ပြောင်းနေပါတယ်” လို့လည်း ပြောခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးမှာ တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဘိုင်ဒင်က သတင်းထောက်တွေကို ပြောပါတယ်။
နိုင်ငံတကာမှာ တိုးတက်မှုချို့တဲ့လို့ တရုတ်စီးပွားရေး ရုန်းကန်နေရတဲ့အတွက် စီးပွားရေးအရ တရုတ်နိုင်ငံကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အောင်မြင်စေချင်တယ်လို့ ဘိုင်ဒင်က အလေးပေး ပြောဆိုခဲ့ပါတယ်။
သမ္မတ ဘိုင်ဒင်ဟာ နယူးဒေလီမှာ G20 ထိပ်သီးအစည်းအဝေးတက်ရောက်ပြီးနောက် ဗီယက်နမ်နိုင်ငံကို ခရီးဆက်လာတာ ဖြစ်ပါတယ်။
Source/Photo-Reuters