DVB Logo
Home
နိုင်ငံတကာ
G20 နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးပြီးဆုံး
DVB
·
September 11, 2023
G20 နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးပြီးဆုံး
Donate to DVB

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ဒီသီတင်းပတ်ကုန်ပိုင်းက ကျင်းပသွားတဲ့ G20 နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး ပြီးဆုံးသွားပြီ ဖြစ်တယ်လို့ စက်တင်ဘာလ ၁၀ ရက်မှာ ဝန်ကြီးချုပ် မိုဒီက ကြေညာခဲ့ပါတယ်။

ဒီပိတ်ပွဲအခမ်းအနားမှာ အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီက ဘရားဇီးသမ္မတ လူးဝစ်ဇ် လူလာ ဒါဆေးလ်ဗားကို  လာမယ့်  G20 အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူဖို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင်  G20 အဖွဲ့၀င်နိုင်ငံတွေ တင်သွင်းခဲ့တဲ့ အကြုံပြုချက်တွေနဲ့ အဆိုပြုချက်တွေရဲ့  အခြေအနေအပေါ် အကဲဖြတ်နိုင်ဖို့အတွက် လာမယ့် နိုဝင်ဘာလကုန်ပိုင်းမှာ အစည်းအဝေးတစ်ရပ် ကျင်းပသွားမယ်လို့  မိုဒီ က ရည်ရွယ်ထားပါတယ်။

ဒီအစည်းအဝေးကိုတော့အွန်လိုင်းကနေသာပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လာမယ့်နှစ်အတွင်း ဘရားဇီးလ်နိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှာ ကျင်းပသွားမယ့် G20 အစည်းအဝေးကို ရုရှားသမ္မတ ဗလာဒီမာပူတင် အနေနဲ့ တက်ရောက်ခဲ့မယ်ဆိုရင် အဖမ်းဆီးခံရမှာ မဟုတ်ဘူးလို့ လူလာက ပြီးခဲ့တဲ့စနေနေ့မှာ အာမခံခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013