
အခုနှစ်ဘလွန်းဒီအောဆုအတွက် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို စိန်ခေါ်နိုင်မယ်လို့ ယုံကြည်ကြောင်း နော်ဝေတိုက်စစ်မှူးဟာလန်းက ပြောပါတယ်။
မက်ဆီနဲ့ ဟာလန်းတို့ဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်တဲ့ ဘလွန်းဒီအော တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရဖို့ အပြိုင်ဖြစ်နေကြတာပါ။
အခုနှစ် ဘလွန်းဒီအောဆုအတွက် မက်ဆီကို စိန်ခေါ်နိုင်တယ်လို့ ယုံကြည်ကြောင်း၊ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်လာဖို့အထိ ရှေ့ဆက်သွားမှာဖြစ်ကြောင်း ဟာလန်း ကပြောပါတယ်။
ငယ်ရွယ်သေးတဲ့အတွက် ခြေစွမ်းတိုးတက်မှုတွေ ရှိလာဦးမှာဖြစ်ပြီး လူတွေရဲ့အမြင်မှ ထူးခြားတဲ့ကစားသမားတစ်ဦးအဖြစ် အမှတ်ထင် ကျန်ရစ်ဖို့ အပတ်စဉ်တိုင်း ကြိုးပမ်းနေကြောင်းလည်းဟာလန်းက ပြောသွားပါတယ်။
ဟာလန်းဟာ မနှစ်ကရာသီမှာ နိုင်ငံအသင်းနဲ့ အောင်မြင်မှုမရှိခဲ့ပေမဲ့ မန်စီးတီးအသင်းနဲ့ အတူ ချန်ပီယံလိဂ်ဆုဖလားအပါအဝင် ဆုဖလားသုံးလုံး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Photo-Reuters










