DVB Logo
Home
အားကစား
ဘာစီလိုနာလူငယ် ရာမဲလ် စပိန်အသင်းသမိုင်း၌ အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာ
DVB
·
September 9, 2023
ဘာစီလိုနာလူငယ် ရာမဲလ် စပိန်အသင်းသမိုင်း၌ အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာ
Donate to DVB

ဘာစီလိုနာလူငယ်ကစားသမား လာမိန်းရာမဲလ်ဟာ စပိန်လက်ရွေးစင်အသင်းသမိုင်းတလျှောက်  အသက်အငယ်ဆုံး ကစားသမားနဲ့ ဂိုးသွင်းသူအဖြစ် စံချိန်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

အသက် ၁၆ နှစ်နဲ့ ၅၇ ရက်ပဲရှိသေးတဲ့ ရာမဲလ်ဟာ မနေ့ညက ကစားခဲ့တဲ့  ဂျော်ဂျီယာနဲ့ပွဲမှာ လူစားဝင်ကစားပြီး အနိုင်ဂိုးတစ်ဂိုးသွင်းခဲ့တာပါ။

အဲဒီပွဲစဉ်မှာ စပိန်အသင်းက ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ယူရိုခြေစစ်ပွဲအုပ်စုမှာ အုပ်စုဒုတိယ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ရာမဲလ်ဟာ စပိန်အသင်း သမိုင်းတလျှောက် အသက်အငယ်ဆုံး ကစားသမားအဖြစ် လူစားဝင်ကစားခဲ့သလို အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ်လည်း စံချိန်တင်နိုင်ခဲ့တာပါ။

အရင်က ဘာစီလိုနာအသင်းဖော် ဂါဘီက အသက် ၁၇ နှစ်၊ ၆၂ ရက်နဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ခဲ့တာပါ။

ဒါ့အပြင် ယူရိုခြေစစ်ပွဲစဉ်တွေမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် ဝေးလ် လက်ရွေးစင်ဟောင်း ဘေးလ်ရဲ့မှတ်တမ်းကိုလည်း  ရာမဲလ်ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

သူဟာ ဘာစီလိုနာအတွက် ၄ ပွဲသာကစားခဲ့ပြီးနောက် စပိန်အသင်းက ရွေးချယ်ခေါ်ယူခဲ့ တာဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013