DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့ရှိ အိမ်ရာမဲ့များကို  MFN အဖွဲ့က ဆေးဝါးနှင့် အစားအသောက်များ လှူဒါန်း 
DVB
·
September 7, 2023
ရန်ကုန်မြို့ရှိ အိမ်ရာမဲ့များကို  MFN အဖွဲ့က ဆေးဝါးနှင့် အစားအသောက်များ လှူဒါန်း 
1 / 5
Donate to DVB

ရန်ကုန်မှာရှိတဲ့ အိမ်ရာမဲ့ (အကူအညီမဲ့သူ) တွေအတွက် စားစရာမုန့်၊ ဆေးဝါးတွေနဲ့ အဝတ်အထည်တွေ သွားရောက်လှူဒါန်းတဲ့ Donation Night Ride အစီအစဉ်ကို Myanmar Fixie Nation (MFN) စက်ဘီးစတန့်အဖွဲ့တခုက  စက်တင်ဘာ ၆ ရက် က ပြုလုပ်ခဲ့ပါတယ်။ 

မနေ့ ည ၇ နာရီလောက်ကစတင်ပြီး ပြည်သူ့ရင်ပြင် လွှတ်တော်ရှေ့ကနေ ဆူးလေဘုရားထိ လမ်းတလျှောက် အကူအညီမဲ့ဖြစ်နေတဲ့ အိမ်ရာမဲ့ပြည်သူတွေကို အဝတ်အစား၊ မုန့်ပဲသရေစာ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်ထုပ်တွေနဲ့ ဆေးဝါးတွေကို MFN အဖွဲ့ဝင်တွေနဲ့ တခြားစေတနာရှင်တွေ စုပေါင်းပြီး လှူဒါန်းခဲ့တာလို့ သိရပါတယ်။

MFN အသင်း ဥက္ကဋ္ဌ ကိုအာသာက “သူတို့တွေက ခိုကိုးရာမဲ့ပြီး ကူညီစောင့်ရှောက်လုပ်မယ့်သူ မရှိကြဘူး။ ပြည်သူထဲက ပြည်သူတွေ ဖြစ်နေလို့ လူသားချင်းစာနာတဲ့ သဘောနဲ့ အခုလို ကူညီဖြစ်တာပါ။ ကျနော်တို့အဖွဲ့က ခုမှ ပထမအကြိမ် လှူဖြစ်တာပါ။ တလတကြိမ်နှုန်းတော့ တတ်နိုင်သလောက် ဆက်လက်ကူညီ လှူဒါန်းသွားမှာပါ။ အခုချိန်က မိုးရာသီလည်းဖြစ် နောက်ပြီး သက်ကြီးရွယ်အိုတွေလည်း လမ်းဘေးမှာရှိနေကြတော့ အဓိက ဆေးဝါးက လိုအပ်တယ်လေ။ အခုဆိုရင် ဆေးဝါးအတွက်လည်း ‘ရွှေ’ ဆေးဆိုင်ကြီးက လစဥ် ပုံမှန်လှူပေးမယ်လို့ ​လာချိတ်ထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

Myanmar Fixie Nation (MFN) အသင်းကို ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်ကစပြီး ဖွဲ့စည်းခဲ့ရာက လက်ရှိမှာ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်ပေါင်း ၁၅ ခုက အသင်းဝင်ပေါင်း ၂,၁၀၀ ဦး ပါဝင်လာကြပြီဖြစ်ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013