DVB Logo
Home
အားကစား
အန်တိုနီကိစ္စ အလေးထားဆောင်ရွက်နေဟု မန်ယူအသင်း ကြေညာ
DVB
·
September 7, 2023
အန်တိုနီကိစ္စ အလေးထားဆောင်ရွက်နေဟု မန်ယူအသင်း ကြေညာ
Donate to DVB

အန်တိုနီရဲ့ကိစ္စနဲ့ ပတ်သက်ပြီး အလေးအနက်ထား ဆောင်ရွက်နေတယ်လို့ မန်ယူအသင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဘရာဇီးတောင်ပံကစားသမားဟာ ရည်းစားဟောင်းဖြစ်သူ ဂါဘရီယယ်လာကို အိမ်တွင်း အကြမ်းဖက်မှု လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခံနေရတာပါ။

အဲဒီအတွက် ဘရာဇီးလက်ရွေးစင်အသင်းကလည်း ချန်လှပ်ခဲ့သလို မန်ယူအသင်းဘက်ကလည်း ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ဖို့ အမျိုးသမီးအခွင့်အရေး တောင်းဆိုသူတွေက တိုက်တွန်းနေကြတာပါ။

မန်ယူအသင်းဘက်ကတော့ ကနဦးအစပိုင်းမှာ နှုတ်ဆိတ်နေပေမဲ့ လက်ရှိအချိန်မှာတော့ အလေးအနက်ထား လုပ်ဆောင်နေကြောင်း ပြောခဲ့တာပါ။

ဒါ့အပြင် စွပ်စွဲမှုနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်မဲ့ ကိစ္စတွေကိုလည်း ထည့်သွင်း စဉ်းစားသွားရမှာဖြစ်ကြောင်း မန်ယူအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013