DVB Logo
Home
မြန်မာသတင်း
မတူပီမြို့နယ်အတွင်း NGO များ လုပ်ငန်းဆောင်ရွက်လိုပါက ခွင့်တောင်းရန် မြို့နယ်ပအဖ ကြေညာ
DVB
·
September 6, 2023
မတူပီမြို့နယ်အတွင်း NGO များ လုပ်ငန်းဆောင်ရွက်လိုပါက ခွင့်တောင်းရန် မြို့နယ်ပအဖ ကြေညာ
Donate to DVB

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းမှာ လုပ်ငန်းတွေ ဆောင်ရွက်လိုတဲ့ NGO၊ INGO အဖွဲ့အစည်းတွေအနေနဲ့ ခွင့်ပြုချက်တောင်းယူဖို့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာ ၅ ရက်မှာ ကြေညာထားပါတယ်။

မတူပီမြို့နယ်အတွင်း အစိုးရမဟုတ်တဲ့ NGO/ INGO အဖွဲ့အစည်းတွေအနေနဲ့ မြို့နယ်အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်ရမှသာ ဒေသတွင်း လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

မတူပီမြို့နယ်အတွင်းမှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ CDF-မတူပီ၊ မြို့နယ်ပညာရေး ဘုတ်အဖွဲ့၊ မြို့နယ်ကျန်းမာရေးအသင်း၊ မြို့နယ်တရားရေးဌာန စတဲ့အဖွဲ့အစည်းတွေက ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတာဖြစ်တယ်လို့ မြို့နယ် ပအဖထံက သိရပါတယ်။

ဒေသတွင်း ကွင်းဆင်းစည်းရုံးရေး လုပ်လိုတဲ့ ဘယ်အဖွဲ့အစည်းမဆို စည်းရုံးရေးမဆင်းမီ အပြန်အလှန် လေးစားတဲ့အနေနဲ့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ CDF မတူပီ(ဌာနချုပ်) ရဲ့ ခွင့်ပြုချက်ရမှသာ ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “အထူးသဖြင့် NGO ၊ INGO တွေပေါ့နော်၊ ကျနော်တို့ကို အသိပေးခြင်းမရှိဘဲနဲ့ လုပ်ငန်းတွေလုပ်နေကြတာ တွေ့ရတယ်။ ပထမ ကြေညာချက် ထုတ်ဖူးတယ်၊ ဒါတွေကိုလည်း မလိုက်နာဘူး၊ စစ်ကောင်စီက သတင်းတွေရတာလည်း ရှိတယ်။ လုံခြုံရေးအတွက် ထုတ်ပြန်ချက်ကို ထုတ်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ထိန်းချုပ်နယ်မြေအတွင်းက အများပြည်သူရဲ့ လုံခြုံရေး၊ တော်လှန်ရေးအင်အားစုများရဲ့ ကျေးရွာအဆင့်မှ မြို့နယ်အဆင့်ထိ ယန္တရားလည်ပတ်မှုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့အတွက် အခုထုတ်ပြန်ချက်ကို ကြေညာရတာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013