
မန်ယူကနေ အငှားနဲ့ ပြောင်းရွှေ့လာတဲ့ မေဆန်ဂရင်းဝုဒ် ပါဝင်တဲ့ ကစားသမားသစ်မိတ်ဆက်ပွဲကို ဂီတာဖေးအသင်းက အိမ်ကွင်းမှာ ကျင်းပခဲ့ရာမှာ ပရိသတ်ထောင်ချီ လာရောက် အားပေးခဲ့ကြပါတယ်။
ဂရင်းဝုဒ်ကို မန်ယူအသင်းက ၆ လကြာစစ်ဆေးခဲ့ပြီးနောက်မှာ အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့ပြီး ဂီတာဖေးအသင်းဆီကို အငှားချခဲ့တာပါ။
ဂီတာဖေးအသင်းဟာ ဂရင်းဝုဒ်နဲ့အတူ ကစားသမားသစ်တွေဖြစ်တဲ့ နောက်ခံလူ ဒီယေဂိုရီကို၊ ကွင်းလယ်လူ အော်စကာရိုဒရီဂွက်ဇ်တို့ကိုလည်း ကွင်းထဲကို အတူဝင်စေပြီး မိတ်ဆက်ခဲ့ပါတယ်။
ပွဲကစားခွင့်မရတာ ကြာမြင့်နေပြီဖြစ်ပေမဲ့ လေ့ကျင့်နေတာ ၄၊ ၅ လကြာမြင့်နေပြီဖြစ်ကြောင်း၊ အသင်းဖော်တွေနဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပြီး အသင်းဆီ ပြောင်းရွှေ့လာရတာကို ပျော်ရွှင်ကျေနပ်ကြောင်း ဂရင်းဝုဒ်က ဂီတာဖေးပရိသတ်တွေကို ပြောခဲ့ပါတယ်။
ဂရင်းဝုဒ် ပါဝင်တဲ့ မိတ်ဆက်ပွဲကို အတူနေချစ်သူဖြစ်သူ ရော့ဘ်ဆန်လည်း တက်ရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။
Photo - Reuters










