DVB Logo
Home
မြန်မာသတင်း
အယုဒ္ဓယတွင် တရားမဝင် ရိုဟင်ဂျာ ၂၁ ဦး ဖမ်းဆီးခံရ 
DVB
·
September 4, 2023
အယုဒ္ဓယတွင် တရားမဝင် ရိုဟင်ဂျာ ၂၁ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဝမ်းနွဲ့မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စနေ့နေ့ ( စက်တင်ဘာ ၂ ရက် ) ညက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်က ရိုဟင်ဂျာ ၂၁ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ တင်ဆောင်လာမယ့်အကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် အဝေးပြေးလမ်းတာဝန်ကျရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ ဖဟွန်ယိုးထင်း လမ်းမကြီးပေါ်မှာ စောင့်ကြပ်စစ်ဆေးစဉ် ည ၈ နာရီလောက်မှာ အလေးချိန်တန်ပို တင်ဆောင်လာတဲ့ အညိုရောင် တိုယိုတာဖော်ကျူနာဟိုင်းလပ်စ်ကား ၁ စီးကို တွေ့ရတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေဟာ အဆိုပါကားကိုစစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်ပေမယ့် ရပ်မပေးတဲ့အပြင် မိုးရေထဲမှာ အရှိန်မြှင့်ပြီးမောင်းပြေးသွားကြောင်း ၊ ဒါကြောင့် ရဲတွေက ကား ၂ စီးနဲ့ အနောက်ကနေ လိုက်သွားပြီး ၅ ကီလိုမီတာအကွာအဝေးမှာ လိုက်မီလာကာ အဲဒီကားရဲ့ တဘက် တချက်မှာ ပိတ်ဆို့လိုက်တယ်လို့ ဆိုပါတယ်။

ကားမောင်းသမားက  သူ့ကားကိုရပ်လိုက်ပြီး ထွက်ပြေးဖို့ကြိုးစားပေမယ့် တာဝန်ရှိသူတွေက ဖမ်းဆီးနိုင်ခဲ့ပြီး ကားထဲမှာလည်း အမျိုးသားအမျိုးသမီး စုစုပေါင်း ၂၁ ဦး ကြပ်ညှပ်ပြီးလိုက်ပါလာကြတယ်လို့ ဆိုပါတယ်။

သူတို့တွေမှာ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ အထောက်အထားတစုံတရာမရှိကြောင်း၊ ယာဉ်မောင်းသမား နိုင်းဆုမ်ချိုင်းကတော့ အဲဒီလူတွေကို တာ့ခ်ခရိုင်ကနေ စမွတ်ပရကန်ကို ပို့ဆောင်ပေးဖို့  နိုင်းလီဆိုသူ ၁ ဦးက သူ့ကိုစေခိုင်းခဲ့တယ်၊ ကားခ ဘတ် ၁၅၀၀၀ ရပြီး   မဲ့ထော့မြို့နယ်ရှိ တောစပ်တစ်ခုကနေသွားကြိုလာတာလို့ ဆိုပါတယ်။ ဒီလိုတရားမဝင်သူတွေ သယ်ဆောင်ခဲ့တာ ၂ ကြိမ်ရှိပြီလို့လည်း ဝန်ခံသွားပါတယ်။

ကားပေါ်ကလူတွေဟာ မြန်မာပြည်က ရိုဟင်ဂျာတွေဖြစ်ပြီး နယ်စပ်တောလမ်းကနေတဆင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲကို ဝင်လာကြောင်း၊ အဖိုးအခတွေကိုတော့ လိုရာခရီးရောက်မှ ပေးချေရမှာမို့ ဘယ်လောက်ကုန်မယ်မှန်းမသိသေးဘူးလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သူတို့ ၂၂ ဦးလုံးကို လဝကဥပဒေနဲ့အရေးယူဖို့ ဝမ်နွဲ့နယ်မြေရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013