
အာဆင်နယ်အသင်းရဲ့ ကွင်းလယ်နေရာစုံမှာ ကစားနိုင်ဖို့ လေ့ကျင့်ပြင်ဆင်ထားကြောင်း ဒက်ကလန်ရိုက်စ်က ပြောသွားပါတယ်။
ရိုက်စ်ဟာ မန်ယူအသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်ခံစစ်ပိုင်းကို တာဝန်ယူခဲ့ရပေမဲ့ ပွဲပြီးခါနီးမှာ အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ကွင်းလယ်နေရာစုံမှာ ကစားနိုင်ဖို့ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ပြင်ဆင်ခဲ့ကြောင်း၊ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာဟာ ထူးခြားတဲ့အခိုက်အတန့်ဖြစ်ကြောင်း ရိုက်စ်က ပြောပါတယ်။
“ကွင်းလယ်ဘယ်နေရာမှာမဆို အဆင်ပြေအောင်ကစားနိုင်ပါတယ်။ နံပါတ် ၆ နေရာကို သဘောကျပေမဲ့ နံပါတ် ၈ နေရာမှာ ကစားနိုင်ဖို့လည်း သင်ယူလေ့ကျင့်နေပါတယ်။ အသင်းနည်းပြက ဘယ်နေရာမှာကစားခိုင်းသည်ဖြစ်စေ ကျနော့်ဘက်က ရာနှုန်းပြည့် ပေးဆပ်ကစားသွားမှာဖြစ်တယ်”လို့ ရိုက်စ်က ပြောပါတယ်။
နည်းပြအာတေတာကတော့ မန်ယူနဲ့ပွဲစဉ်မှာ အရေးပါတဲ့အနိုင်ဂိုးသွင်းခဲ့တဲ့ရိုက်စ်ဟာ အလွန်ထူး ချွန်တဲ့ကစားသမားဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။
Photo-Reuters











