
အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ပေမဲ့ မန်ယူအသင်းရဲ့ခြေစွမ်း တိုးတက်လာတဲ့အပေါ် ကျေနပ်ပျော်ရွှင်မိကြောင်း နည်းပြအဲရစ်တန်ဟတ်ဂ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ မနေ့ညက အာဆင်နယ်နဲ့ အဝေးကွင်းပွဲစဉ်မှာ ပွဲပြီးခါနီးအထိ တစ်ဂိုးစီ သရေကစားနိုင်ခဲ့ပေမဲ့ နာကျင်အချိန်ပိုတွေမှာ နှစ်ဂိုးဆက်တိုက်ပေးခဲ့ရပြီး ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးပွဲတွေ့ခဲ့ရတာပါ။
ယူနိုက်တက်အသင်းအနေနဲ့ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပေမဲ့ ထိုက်တန်တဲ့ရလဒ်အတိုင်း အမြဲတမ်းမရရှိနိုင်ကြောင်း၊ အသင်းသားတွေရဲ့ခြေစွမ်းတိုးတက်လာတဲ့အပေါ် ကျေနပ်မိကြောင်း ပွဲအပြီးမှာ နည်းပြတန်ဟတ်ဂ်က မှတ်ချက်ပေးခဲ့တာပါ။
“ကျနော်တို့အသင်း ဘယ်လိုစတင်ကစားခဲ့သလဲဆိုတာကို ပိုပြီးမြင်ပါတယ်။ ဝုဗ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဒီပွဲမှာ ကြီးမားတဲ့ တိုးတက်မှုတွေရှိလာခဲ့တာကို မြင်တွေ့ရမှာပါ။
အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ တိုးတက်လာတဲ့ခြေစွမ်းအပေါ် အမှန်တကယ် ကျေနပ် ပျော်ရွှင်ရပါတယ်”လို့ နည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။
အာဆင်နယ်အသင်းရဲ့ ဒုတိယဂိုးဟာလည်း ပြစ်ဒဏ်ဘောဖြစ်ကြောင်း ၊ ဂါနာချိုသွင်းခဲ့တဲ့ ဂိုးကတော့ လူကျွံဘောမဟုတ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပွဲအပြီးမှာ မှတ် ချက်ပေးသွားခဲ့ပါတယ်။
Photo-Reuters










