DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်ခရိုင်တွင် ကျေးရွာ ၂၆ ရွာက ပြည်သူများ တိမ်းရှောင်နေရ
DVB
·
September 3, 2023
ညောင်လေးပင်ခရိုင်တွင် ကျေးရွာ ၂၆ ရွာက ပြည်သူများ တိမ်းရှောင်နေရ
Donate to DVB

ကေအဲန်ယူ အုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ တိုက်ခိုက်တာကြောင့် ကျေးရွာပေါင်း ၂၆ ရွာက ဒေသခံ ထောင်နဲ့ချီဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူဗဟိုက စက်တင်ဘာ ၂ ရက်နေ့က  သတင်းထုတ်ပြန်ထားပါတယ်။

ခလယ်လွီထူ (ညောင်လေးပင်)ခရိုင် တပ်မဟာ (၃) မူး(မုန်း)မြို့နယ်ထဲက အုပ်ဖြတ်ရွာ၊ ကရင်ကျရွာ၊ သမန်းကျင်းရွာ၊ ကြက်တက်ညောင်ပင်သာရွာတို့နားမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၇၊ ၈၊ ၉၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် (K.N.D.O) တပ်ရင်း ၃၊ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ ခမရ ၅၉၈၊ ပျူစောထီတပ်တို့ဟာ ဩဂုတ် ၁၉ ရက်ကစလို့ တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။

စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတဝိုက်ကို KH-W ဂျက်ဖိုက်တာတစင်း၊ MI-35 ဟယ်လီကော်ပတာတို့နဲ့ လာရောက်ပစ်ခတ်ပြီး ခမရ ၄၃၉ နဲ့ ခလရ ၆၀ တပ်တွေကလည်း ပြည်သူလုထုနေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အနီးအနားက ကျေးရွာပေါင်း ၂၆ ရွာက ပြည်သူတွေဟာ အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတာပါ။

အိုးအိမ်တွေထိခိုက်ပျက်စီးတာတွေရှိပေမဲ့ စာရင်းအတိအကျရရှိနိုင်ဖို့ ကောက်ခံနေဆဲ ဖြစ်ပြီး ကောက်ခံရရှိတဲ့ စာရင်းတွေအရ  ဖိုးသောင်းစု၊ မျက်ရဲကရင်၊ မျက်ရဲဗမာ၊ ကျွန်းကုန်း၊ ဦးသျှစ်ခင်၊ ငလောက်တိုက် ၊ သစ်ချဆိပ်၊ ဇီးကုန်း၊ ဆင်ဆိပ် တောပု၊ လှည်လမ်းကူး၊ ရွှေပြည်သာနဲ့ တိုပင်ရွာတို့ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၉၇၅ စု၊ ပြည်သူစုစုပေါင်း ၆၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU ဗဟိုရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်

စာရင်းရဖို့ ကျန်နေသေးတဲ့ရွာတွေကတော့ ညောင်ပင်သာရွာ၊  ကြက်တက်ညောင်ပင် သာရွာ၊  ကရင်ကြရွာ၊  ယောက်သဝရွာ၊  လှည်းလမ်းကူး၊ တလအိုင်ရွာ၊ ကျောက်ကြီး ဘက်ကမ်းရွာ၊ နှောတောရွာ၊ မဲဖလန်၊ သရက်တန်း၊ သမန်းကျင်းရွာ၊ ဘွာအိမ်စုနဲ့ မိကျောင်းခေါင်းရွာတို့ ဖြစ်ပါတယ်။

ဒေသခံတယောက်ကတော့ အခုလို မိုးထဲရေထဲ ထွက်ပြေးနေကြရတာမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေလည်းပါပြီး အခု လေယာဥ်နဲ့ပါ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် ဘာတခုမှ မယူနိုင်ဘဲ အဝတ်တထည်ကိုယ်တခုစီနဲ့ ကိုယ်လွတ်ရုန်းပြေးကြရတာလို့ ပြောပါတယ်။

ဘေးလွတ်နိုင်မယ်ထင်တဲ့ တောထဲတောင်ထဲ ပြေးပုန်းရပြီး ရှိတာလေးနဲ့ စားရသောက်ကြရပြီး ကျန်းမာရေးမကောင်းကြတဲ့သူလည်း ရှိကြလို့ ဆေးဝါးအကူညီတွေ လိုအပ်ကြတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013