DVB Logo
Home
မြန်မာသတင်း
ခရမ်းချဥ်သီးစျေးနှုန်း ထက်ဝက်ကျော်ကျဆင်းသဖြင့်  တောင်သူများ အရှုံးပေါ်
DVB
·
September 3, 2023
ခရမ်းချဥ်သီးစျေးနှုန်း ထက်ဝက်ကျော်ကျဆင်းသဖြင့်  တောင်သူများ အရှုံးပေါ်
Donate to DVB

မြန်မာပြည်တွင်း ကုန်စိမ်းစျေးကွက်မှာ  ခုသီတင်း တပတ်အတွင်း ခရမ်းချဥ်သီးစျေးနှုန်းတွေ ထက်ဝက်ကျော် ကျဆင်းတာကြောင့် အရှုံးပေါ်နေတယ်လို့ ခရမ်းချဥ်သီးစိုက်တောင်သူတွေက ပြောပါတယ်။

ခရမ်းချဥ်သီးခြံရောင်းစျေးဟာ သြဂုတ် ၂၇ က တပိဿာကို ကျပ် ၁၁၀၀ အထိရရှိပေမဲ့ စက်တင်ဘာ ၂ ရက် စျေးနှုန်းအရ ခြံရောင်းစျေး ၁ ပိဿာကို ကျပ် ၄၀၀ သာရရှိတော့ပြီး  ၁ ပိဿာကို ကျပ် ၇၀၀ အထိ ကျဆင်းခဲ့ပါတယ်။

အောင်ပန်းရှိခရမ်းချဥ်သီးစိုက်တောင်သူတဦးက “ခရမ်းချဥ်သီးစျေးက ပြီးခဲ့တဲ့အပတ်ကပဲ ကောင်းနေတော့ ကျနော်တို့ အဆင်ပြေနေသေးတယ်။ အခုဟာက စျေးနည်းနည်းလေး ကျတာ​လည်း မဟုတ်ဘူး။ သုံးဆနီးပါးလောက်ကျသွားတာ။ မြေသြဇာကလည်းစျေးကြီး တခြားကုန်ကျစရိတ်တွေလည်း ကြီးတာကြောင့် တချို့သူ​တွေဆို စိုက်တောင်မစိုက်တော့ပါဘူး။ ဝမ်းနည်းတာပေါ့ဗျာ အမြတ်လည်းမရတဲ့အပြင် အရှုံးပါပေါ်နေတော့ လူပင်ပန်းတာပဲ အဖတ်တင်တယ်" လို့ ပြောပါတယ်။

မြေသြဇာစျေးနှုန်း၊ မျိုးစျေးနဲ့ စိုက်ပျိုးရေဆေးစျေးတွေ မြင့်တက်ခဲ့တာကြောင့် ခရမ်းချဥ်သီး တဧကကို အရင်နှစ်က ကျပ် ၅ သိန်းကျော်သာကုန်ခဲ့ပေမဲ့ အခုနှစ်မှာ ကျပ် ၁၀ သိန်းကျော်အထိ ကုန်ကျခဲ့ပါတယ်။

စိုက်ပျိုးစရိတ်မြင့်တက်ခဲ့တဲ့အပြင်  အရင်နှစ်က အရှုံးပေါ်တာကြောင့် ခရမ်းချဥ်သီးစိုက် တောင်သူတွေဟာ စိုက်ဧကတွေလျှော့ပြီး  စိုက်ပျိုးခဲ့တယ်လို့ စိုက်တောင်သူတဦးက ပြောပါတယ်။

"မနှစ်ကလည်း အရှုံးပေါ်လို့ တချို့မစိုက်တဲ့သူတွေရှိတဲ့အပြင်ကို လျှော့ပြီးစိုက်ခဲ့တဲ့သူတွေလည်း ရှိတယ်။ ခရမ်းချဥ်သီးစျေးကောင်းလို့ ကြာကြာတောင်မပျော်ရဘူး ​ချက်ချင်းထိုးကျသွားတယ်။ မနှစ်ကလည်း အရှုံးပေါ်သလို ဒီနှစ်လည်းအရှုံးပေါ်ဖို့ လမ်းစမြင်နေပါပြီ" လို့ပြောပါတယ်။

ခရမ်းချဥ်သီးစိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့  စျေးကျတဲ့အချိန်မှာ မရောင်းသင့်ပဲ ၁၀ ရက်လောက်အခြေအနေ စောင့်ကြည့်သင့်တယ်လို့ မန်းလေးကုန်စိမ်းပွဲရုံပိုင်ရှင်တဦးက ပြောပါတယ်။

မြန်မာ့ ကုန်စိမ်းသီးနှံစိုက်တောင်သူတွေဟာ နှစ်စဥ်အရှုံးပေါ်နေတာကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီးအဖြေရှာပေးသင့်တယ်လို့ ရှမ်းတောင်ရှိ စိုက်ပျိုးရေး ဝန်ထမ်းတဦးက ပြောပါတယ်။

လက်လီစျေးကွက်မှာ ခရမ်းချဥ်သီး  အမျိုးအစားပေါ်လိုက်ကာ   ၁ပိဿာကို  ကျပ် ၁၀၀၀ မှ ကျပ် ၁၅၀၀ ပေါက်စျေးရှိနေပြီး အရင် အပတ်ကထက် ကျပ် ၁၀၀၀ ကျော်ကျဆင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013