
မန်ချက်စတာယူနိုက်တက်အသင်းက အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူး မန်ဆန်ဂရင်းဝုဒ်ဟာ စပိန်လာလီဂါကလပ် ဂီတာဖေးအသင်းဆီကို အငှားစာချုပ်နဲ့ ဒီရာသီကုန်မှာ ပြောင်းရွေ့မယ်လို့ နှစ်ဖက်အသင်းတွေက ဩဂုတ် ၁ ရက်က ကြေညာပါတယ်။
ဂရင်းဝုဒ်အနေနဲ့ တရားရင်ဆိုင်ခဲ့ရတဲ့ အဓမ္မပြုကျင့်မှု စွပ်စွဲခံရတဲ့အမှုကနေ ကင်းရှင်းသွားပေမဲ့ ယူနိုက်တက်မှာတော့ စိတ်ရှုပ်ထွေးမှုတွေဆက်မဖြစ်အောင် ယူနိုက်တက်မှာ ထပ်မံကစားတော့မှာ မဟုတ်ဘူးလို့ မန်ချက်စတာယူနိုက်တက်အသင်းက ပြီးခဲ့တဲ့လက ပြောဆိုထားပါတယ်။
တိုက်စစ်မှူးဟာ ဆိုရှယ်မီဒီယာတွေပေါ်ကနေ သူ့ကို စွပ်စွဲပြောဆိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ယူနိုက်တက်အသင်းကနေ ၂၀၂၂ ခုနှစ်မှာ ဘောလုံးကစားခွင့် ယာယီ ရပ်ဆိုင်းထားခဲ့တာပါ။
သောကြာနေ့က ဂီတာဖေးနဲ့ အငှားစာချုပ်ကို ကြေညာပြီးတဲ့နောက် ယူနိုက်တက်က "ဒီအပြောင်း အရွေ့ဟာ မန်ချက်စတာယူနိုက်တက်နဲ့ ဝေးကွာခဲ့တဲ့ ဂရင်းဝုဒ်ရဲ့ ကစားသမားဘဝကို ပြန်လည် တည်ဆောက်နိုင်စေတယ်" လို့ ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
Photo-Reuters










