DVB Logo
Home
အားကစား
ဖူလ်ဟမ်အသင်းဥက္ကဋ္ဌနှင့် ပိုင်ရှင်ဟောင်း မိုဟာမက်အယ်ဖေးရ် ကွယ်လွန်
DVB
·
September 2, 2023
ဖူလ်ဟမ်အသင်းဥက္ကဋ္ဌနှင့် ပိုင်ရှင်ဟောင်း မိုဟာမက်အယ်ဖေးရ် ကွယ်လွန်
Donate to DVB

ပရီးမီးယားလိဒ် နာမည်ကျော်ကလပ် ဖူလ်ဟမ်အသင်းရဲ့ ဥက္ကဋ္ဌနဲ့ အသင်းပိုင်ရှင်ဟောင်းဖြစ်သူ အီဂျစ်ဘီလီယံနာသူဌေး မိုဟာမက် အယ်ဖေးရ်ဟာ အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ ဖူလ်ဟမ်အသင်းရဲ့ထုတ်ပြန်ချက်ကိုးကားပြီး Mirror သတင်းဌာနက စက်တင်ဘာ ၂ ရက်နေ့ မှာ ဖော်ပြထားပါတယ်။

မိုဟာမက်အယ်ဖေးရ်ဟာ သားကြီးဖြစ်သူ ဒိုဒီနဲ့​ ဝေလမင်းသမီး ဒိုင်ယာနာတို့ ကားမတော်တဆဖြစ်ပြီး ကွယ်လွန်ခဲ့တာ ၂၆ နှစ်မြောက် နှစ်ပတ်လည်နေ့ မတိုင်ခင် ၁ ရက်အလိုဖြစ်တဲ့ သြဂုတ် ၃၀ ရက်နေ့မှာ ကွယ်လွန်ခဲ့တာပါ။

မိုဟာမက်အယ်ဖေးရ်ကို လန်ဒန်မြို့က Regent`s Park Mosque မှာ စက်တင်ဘာ ၁ ရက်နေ့ သောကြာနေ့ဝတ်ပြုဆုတောင်းအပြီးမှာ သင်္ဂြိုလ်ခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းက "မိုဟာမက်အယ်ဖေးရ် ကွယ်လွန်သွားတဲ့အတွက် အထူး ဝမ်းနည်းကြောင်း ပြောချင်ပါတယ်။ ဖူလ်ဟမ်အသင်းကလူတိုင်းဟာ အသင်းပိုင်ရှင်ဟောင်း သေဆုံးခဲ့တဲ့ မယုံကြည်နိုင်အောင်ဖြစ်ရပြီး စိတ်မကောင်းလည်း ဖြစ်ခဲ့ရပါတယ်။ သူဟာ ကလပ်ကို ပရီးမီးယားလိဒ်ကို အရောက်ပို့ပေးနိုင်ခဲ့တဲ့အပြင် ယူရိုပါလိဒ် ဖိုင်နယ်တက်အောင်အထိ အကူညီပေးနိုင်ခဲ့ပါတယ်။ ကလပ်အတွက် လုပ်ပေးခဲ့တဲ့ အရာအားလုံးကျေးဇူးတင်ပါတယ်" လို့ ထုတ်ပြန်ခဲ့ပါတယ်။

​​​မိုဟာမက်အယ်ဖေးဟာ ၁၉၉၇ ခုနှစ်မှာ သားအကြီးဖြစ်သူ ဒိုဒီနဲ့ မင်းသမီးဒိုင်ယာတို့ သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး ​​​ဗြိတိန်နိုင်ငံကို မေးခွန်းထုတ်ခဲ့တဲ့အတွက် နိုင်ငံသားဖြစ်ခွင့် ၂​ကြိမ် တိုင်တိုင် ငြင်းပယ်ခံခဲ့ရပါတယ်။

ဖူလ်ဟမ်အသင်းဟာ မိုဟာမက်အယ်ဖေးရ်ကွယ်လွန်ခြင်း ဝမ်းနည်းကြောင်း ပြတဲ့အနေဖြင့် ဒီနေ့ည မန်စီးတီးနဲ့ပွဲမှာ ၁ မိနစ်ခန့်ငြိမ်သက်သွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အီဂျစ်ဘီလီယံနာ မိုဟာမက်​အယ်ဖေးရ်ဟာ ၁၉၉၇ ခုနှစ်မှာ ဖူလ်ဟမ်အသင်းကို ဝယ်ယူခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ မစ္စတာခန်းကို ပြန်လည် ရောင်းချခဲ့ပါတယ်။

Source. Mirror

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013