DVB Logo
Home
မြန်မာသတင်း
ထိုင်းသို့ MOU စနစ်ဖြင့် သွားသည့် မြန်မာအလုပ်သမား ၁၉ ဦး အခွင့်အရေး ချိုးဖောက်ခံရ
DVB
·
September 1, 2023
ထိုင်းသို့ MOU စနစ်ဖြင့် သွားသည့် မြန်မာအလုပ်သမား ၁၉ ဦး အခွင့်အရေး ချိုးဖောက်ခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီမြို့မှာ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်နဲ့ တရားဝင် သွားရောက် လုပ်ကိုင်ခဲ့တဲ့ မြန်မာအလုပ်သမား ၁၉ ယောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံက သိရပါတယ်။

မြန်မာအလုပ်သမား ၁၉ ယောက်ဟာ ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ဖီမြို့၊ ဘန်ခဲအိုရှိ Aranya ဆောက်လုပ်ရေးကုမ္ပဏီမှာ အလုပ်လုပ်ဖို့ မြန်မာနိုင်ငံမှ Actuai Tokyo Max ကုမ္ပဏီနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာလို့ ဆိုပါတယ်။

အဆိုပါစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် Actuai Tokyo Max ကုမ္ပဏီက မြန်မာလုပ်သားတွေကို စာချုပ်ပါလုပ်ငန်းခွင် မဟုတ်ဘဲ ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီမြို့ရှိ The Water King Part ကုမ္ပဏီကို ဇူလိုင် ၂၂ ရက်နေ့မှာ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်း (WAG) မှ ကိုမုန်တိုင်းက “ကျနော်တို့အဖွဲ့က သူတို့ အေးဂျင့်ကိုတော့ လုပ်အားခကိစ္စတွေ စကားပြောတယ်။ ပြီးရင် မြန်မာအလုပ်သမားတွေက စာချုပ်ချုပ်ထားတာ တနေရာ၊ ရောက်နေတာတနေရာ ဖြစ်နေတဲ့အတွက် ကျနော်တို့က ပြောတဲ့အချိန်မှာ သူတို့အနေနဲ့ ချေးငွေ ဘတ်တယောက် ၁,၀၀၀ လာပြီးတော့ ပေးသွားတယ်။ လုပ်အားခတွေတော့ မပေးသေးဘူး။ သူတို့ဘက်ကတော့ ညှိနှိုင်းပေးမယ်လို့တော့ ပြောတယ်။ ကျနော်တို့ကတော့ အားမရဘူး။ မြန်မာနိုင်ငံက အေးဂျင့်တွေက မလာဘူး။ ထိုင်းမှာရှိတဲ့ ကိုယ်စားလှယ်နဲ့ စကားပြောနေရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်က အမြန်ဆုံးဖြစ်အောင် တောင်းဆိုထားပါတယ်” လို့ ပြောပါတယ်။

မြန်မာအလုပ်သမားတွေဟာ The Water King Part ကုမ္ပဏီမှာ တလလောက် အလုပ်လုပ်ကိုင်ခဲ့ပြီးတဲ့နောက် အလုပ်ပုံမှန်မဆင်းရတာ၊ လုပ်အားခ အပြည့်မပေးတာတွေ ကြုံနေရတယ်လို့ ကာယကံရှင် မြန်မာအလုပ်သမားတွေက ပြောပါတယ်။

ကာယကံရှင် အလုပ်သမားတဦးက “စာချုပ်ထဲမှာ ကုမ္ပဏီက အလုပ်မရှိတော့လို့ ကျနော်တို့ကို Water King Part ကုမ္ပဏီကို ပို့တယ်။ အခုလက်ရှိမှာ လုပ်အားခ အပြည့်မပေးဘူး။ ချေးငွေ ဘတ် ၅၀၀၊ ၁,၀၀၀ လောက်ပဲ ထုတ်ပေးတယ်။ အလုပ်ကျတော့လည်း သူတို့လိုအပ်သလောက် လူနဲ့ သူတို့ဆင်းခိုင်းတဲ့အချိန်မှ ဆင်းခိုင်းတယ်။ ကျနော်တို့ကို တလ လုပ်အားခ အမျိုးသမီးတွေဆို ဘတ် ၁,၇၀၀ နဲ့ အမျိုးသားတွေဆို ဘတ် ၁,၅၀၀ စီပဲ ရှင်းပေးတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး  သူက “ကျနော်တို့ အလုပ်သမား ၁၉ ယောက်မှာ ၂ ယောက်က မြန်မာပြည် ပြန်သွားပြီ။ ကျနော်တို့ လက်ရှိ ၁၁ ယောက်ကတော့ ရတ်ချ်ဘူရီမြို့မှာပါ။ တခြား လင်မယားတွဲ ၆ ယောက်ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ တာဝန်ခံ ကိုမျိုးဦးကနေပြီး ဘန်ဘောစမုပရကန်ကို ပို့ပေးလိုက်တာပါ။ အခုလို အလိမ်အညာ အေဂျင်စီတွေနဲ့ လာရင်တော့ ဒုက္ခရောက်ဦးမှာပဲ။ နောက်လာမယ့်သူတွေ ဒုက္ခမရောက်အောင် အဲဒီလိုအေဂျင်စီတွေကို ပိတ်ပစ်လိုက်စေချင်တယ်။ တကယ့်အမှန်အကန်ပို့ပေးတဲ့ အေဂျင်စီတွေကလည်း သူတို့ကြောင့် နာမည်ပျက်ရတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013